ပွင့်ဖြူ ဇူလိုင်
၎
မကွေးတိုင်းဒေသကြီး
၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာ
စေတီတော်မြတ်ကြီးအား အသစ်တစ်ဖန် ပြန်လည်တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်နှင့် ရတနာငှက်မြတ်နားတော်
များကို မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးဆောင်းဆံတော်ရှင်ဘုရားကြီးတွင် အပူဇော်ခံထားရှိရန်အတွက်
ဇူလိုင် ၄ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲက မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူး
ဒုတိယရဲမှူးကြီးညီဝင်း ဦးဆောင်၍ ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်နှင့် တပ်ဖွဲ့ဝင်များက ကျောင်းတော်ဘုရားကြီး
ဒေါင်းတိုက်အတွင်း ယာယီ ကိန်းဝပ်စံပယ်ဖူးမြော်ရန်ထားရှိသော ရတနာစိန်ဖူးတော်နှင့်
ရတနာငှက်မြတ်နားတော်များအား ရွှေငွေ လက်ဝတ်ရတနာများ ဆင်မြန်းပူဇော်ပြီး ဒေသစာရီ ကြွချီအပူဇော်ခံထွက်မည့်ယာဉ်ပေါ်သို့
ပင့်ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ
သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာစေတီတော်မြတ်ကြီးအား ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ
ဘုရားဖူးပြည်သူများ ခန်းညားသပ္ပါယ်စွာ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဇူလိုင် ၁၃ ရက်နေ့တွင်
မြန်မာနိုင်ငံလုံးဆိုင်ရာ နယ်စပ်နှင့် တောင်တန်းဒေသ သာသနာရေးအသင်းဥက္ကဌ ဦးခင်ရွှေ(ဇေကမ္ဘာမိသားစု)နှင့်
ကျိုက်ထီးဆောင်းဆရာတော် ဦးနာဂဒီပ နှင့် စေတနာရှင်ပြည်သူများက အသစ်တစ်ဖန် ပြန်လည်၍
ရတနာစိန်ဖူးတော် ၊ ရတနာငှက်မြတ်နားတော်၊ မကိုဋ်(၃)ဆင့် ရွှေထီးတော်ဆက်ကပ်ခြင်း ၊ လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်းနှင့်
ထီးတော်ဟောင်းကိုငုံ၍ ထီးစေတီအသစ် တည်ထားကိုးကွယ်ခြင်းများ လှူဒါန်းပူဇော်သွားမည်ဖြစ်ကြောင်း
သိရသည်။
ယနေ့
နံနက် ၁၁ နာရီခွဲက စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်ကြီးတွင် အသစ်တင်လှူပူဇော်မည့်
ရတနာ စိန်ဖူးတော်နှင့် ရတနာငှက်မြတ်နားတော်များကို ကျောင်းတော်ရာဘုရားကြီးကျောင်းတိုက်မှ
ပဓါနနာယက ဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ(သာသနာ့ဓဇ ဓမ္မစရိယ) အမှူးပြု၍ ဒုတိယကျိုက်ထီးဆောင်းဆရာတော်
အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ နာဂဒီပ ဦးဆောင်ကာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်
အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ဆွေ ၊ တိုင်းဒေသကြီးဥပဒေချုပ်
ဦးဆန်းလင်း ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာနယ်စပ်နှင့်
တောင်တန်းဒေသ သာသနာရေးအသင်းဗဟိုဥက္ကဌ ဦးခင်ရွှေ(ဇေကမ္ဘာမိသားစု)နှင့် ကျောင်းတော်ရာဘုရားကြီးဂေါပကဥက္ကဌ
ဦးနိုင်ချိုနှင့် အဖွဲ့ဝင်များ ၊ ကျောင်းတော်ရာကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင် စိုးဝင်းနှင့်
ဒေသခံရပ်မိရပ်ဖ ၃၀ ခန့် လိုက်ပါ၍ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာဘုရားကြီးမှ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးဆောင်းဆံတော်ရှင်၌
အပူဇော်ခံထားရှိရန် ပင့်ဆောင်သွားခဲ့ကြသည်။
အဆိုပါ ရတနာစိန်ဖူးတော်နှင့် ရတနာငှက်မြတ်နားတော်များကို
ကျိုက်ထီးဆောင်းဆံတော်ရှင်တွင် ဇူလိုင် ၆ ရက်နေ့အထိ
အပူဇော်ခံထားရှိပြီး ဇူလိုင် ၇ ရက်နေ့တွင် ကျိုက်ထီးဆောင်းဆံတော်ရှင်မှ ပြန်လည်ပင့်ဆောင်ပြီး
ရန်ကုန်မြို့ ၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်မြို့ဦးရှိ
ဇမ္ဗူဥသျှောင်မြတ်ဘုန်းခေါင်စေတီတော်တွင် ခေတ္တရပ်နား၍ လေးဆူဓါတ်ပုံ မြတ်ရွှေတိဂုံ
စေတီတော်ကြီးတွင် တစ်ညတာ ရင်ငွေ့လှုံ အပူဇော်ခံထားရှိသွားမည်ဖြစ်သည်။ ထို့နောက် ဇူလိုင်
၈ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးမှ ပင့်ဆောင်၍ ရန်ကုန် -
ပြည်လမ်းအတိုင်း ထွက်ခွါကာ အောင်လံမြို့တွင် ရဟန်းရှင်လူပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ရန်
တစ်ညတာ အပူဇော်ခံ ထားရှိသွားမည်ဖြစ်ကြောင်း ၊ ဇူလိုင် ၉ ရက်နေ့တွင် အောင်လံမြို့မှ
ဆက်လက်ထွက်ခွါကာ အောင်လံ - ကိုးပင် - သစ်ရာကောက်လမ်းအတိုင်း ထွက်ခွါ၍ မကွေးမြို့ရှိ
မြသလွန်စေတီတော်မြတ်ကြီးသို့ ပင့်ဆောင်ကာ တစ်ညတာ အပူဇော်ခံထားရှိသွားမည်ဖြစ်ကြောင်း
၊ ဇူလိုင် ၁၀ ရက်နေ့တွင် မကွေးမြို့၊ မြသလွန်ဘုရားကြီးမှ ပင့်ဆောင်ပြီး မြို့တွင်းလှည့်လည်အပူဇော်ခံ၍
ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူး နံ့သာ ကျောင်းတော်ရာဘုရားကြီးသို့ ပင့်ဆောင်သွားမည်ဖြစ်ကြောင်း
သိရသည်။ ရဲဝင်းနိုင် ( ညောင်ဦး )
0 comments:
Post a Comment