ဆင်ဖြူကျွန်း၊ ဇူလိုင် ၂
၂၀၁၉ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ်ဖလား (၅)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲတွင်
မင်းဘူးခရိုင်ကိုယ်စားပြုအဖြစ် ဆင်ဖြူကျွန်းမြို့ အမျိုးသမီး ဘက်စကက်ဘောအသင်းမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ
ပထမဆုဖလားကြီးအား ထိုက်ထိုက် တန်တန်ဆွတ်ခူးရရှိခဲ့၍ ယမန်နေ့ညနေကအိမ်ပြန်ခရီးတွင် မြို့ခံလူထုမှသောင်းသောင်းဖြဖြကြိုဆိုခဲ့ကြ
ကြောင်းသိရသည်။
ပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်းရှိ
မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူနှင့် ဂန့်ဂေါစသည့် (၅)ခရိုင်မှ အသင်းများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး
ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ မကွေးမြို့ မိုးလုံလေလုံအားကစားရုံးတွင်ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် အမျိုးသမီးဗိုလ်လုပွဲအဖြစ် ယမန့်နေ့နံနက်က မကွေးခရိုင်အမျိုးသမီးဘက်စကက်ဘောအသင်းနှင့်
မင်းဘူးခရိုင်ကိုယ်စားပြု ဆင်ဖြူကျွန်းမြို့ အမျိုးသမီး ဘတ်စကက်ဘောအသင်းတို့ယှဉ်ပြိုင်ခဲ့ကြရာ
မင်းဘူးခရိုင်ကိုယ်စားပြုအသင်းက အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ်
ဆင်ဖြူကျွန်းမြို့အမျိုးသမီးဘတ်စကက်ဘောအသင်းမှ မရတနာဦးက ဆွတ်ခူးရရှိခဲ့သည်။
အဆိုပါအောင်ပွဲရ ဆင်ဖြူကျွန်းမြို့အမျိုးသမီးဘတ်စကက်ဘောအသင်းအုပ်ချုပ်သူ၊
နည်းပြများနှင့် အားကစားသမားများသည် ယမန့်နေ့ညနေက ဆင်ဖြူကျွန်းမြို့သို့ပြန်လည်ရောက်ရှိလာရာ
မြို့အုပ်ချုပ် ရေးမှူး ဦးဝေဖြိုးထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းဘင်ခရာတပ်ဖွဲ့၊
ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးရေးရာ၊
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့ခံပြည်သူလူထုများမှ မြို့ဝင်လမ်းတစ်လျှောက်
ပန်းသပြေ၊ အချိုရေ၊ အအေး၊ ရေသန့်ဗူးများပေးကမ်း၍ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး
ခရိုင်၊ မြို့နယ်မှလည်းထပ်ဆင့် ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးသူ (စလင်း)
0 comments:
Post a Comment