Wednesday, July 3, 2019

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း အသိပညာပေးဟောပြော




ဆိပ်ဖြူ   ဇူလိုင်   
          မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ပင်းတလဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း အသိပညာပေးဟောပြောပွဲကို ဇူလိုင် လ ၂ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် စာသင်ကျောင်းခန်းမအတွင်း ကျင်းပပြုလုပ်သည်။

          အဆိုပါအသိပညာပေးဆွေးနွေးဟောပြောရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဋ္ဌေးဋ္ဌေးက အမှာစကားပြော ကြားခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ရာသီဥတုများဖောက် ပြန်ပြီး ကမ္ဘာကြီးတွင် သဘာဝဘေးများဖြစ်ပွားနေမှုများ၊ ပူနွေးလာမှုများနှင့် သဘာဝပတ်ဝန်းကျင်းညစ်နွမ်းလာမှုများ ကြောင့် လူ့ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်များအဖြစ်များနေကြောင်း၊ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့လိုအပ် လျက်ရှိကြောင်းနှင့် မိုးရာသီတွင်နှစ်စဉ်သစ်ပင်များစိုက်ပျိုးကြပြီး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းကြဖို့လိုအပ်ပါ ကြောင်း၊ ကမ္ဘာကြီးကယ်တင်ပေးကြဖို့ အားလုံးမှာတာဝန်ရှိကြောင်းပြောကြားပြီး ပခုက္ကူခရိုင်၊ စားသုံးသူရေးရာဦးစီး ဌာနမှဦးစီးမှူး ဦးဇော်နေလင်းက စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာဥပဒေများကိုရှင်းလင်းခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် လိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားခြင်း၊ အကြီးတန်းစာရေး ဒေါ်ချိုဝေလွင်က အစားအသောက်များ ဆင်ခြင်စားသောက်ရန်အကြောင်းသိကောင်းစရာများကို အသီးသီးရှင်းလင်းပြောကြားကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက နိဂုံးချုပ်စကားပြောကြားကြပြီး ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ အသိပညာပေးနံရံကပ်စာစောင်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများတိုးပွားလာအောင် ခင်းကျင်းပြသပေးကြောင်း သိရှိရသည်။

                                                                                                           ကိုမျိုး(ယောဧရာ)

0 comments:

Post a Comment