Wednesday, July 17, 2019

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးငြိမ်းချမ်းစွာလူထုဆန္ဒထုတ်ဖော်ပွဲကျင်းပပြုလုပ်


စလင်း၊ ဇူလိုင် ၁၇
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ လူထုဆန္ဒထုတ်ဖော်ပွဲကို ဇူလိုင်လ ၁၇ ရက် နံနက် ၇ နာရီအချိန်က စလင်းမြို့ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

         
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို စလင်းမြို့ ဈေးမရပ်ကွက်နေ (ဘ)ဦးထွန်းရွှေ၏ သား ဦးအေင်စိုး (က.စ.လ၊အငြိမ်းစားဝန်ထမ်း)မှ ဦးဆောင်၍ မြို့ပေါ်နှင့်ကျေးရွာများမှပြည်သူ(၁၈၀၀၀)ခန့်ဖြင့် မြို့နယ်အားကစားကွင်းနေရာ၌ စတင်စုဝေးပြီး ”၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ပူးပေါင်းကော်မတီ အား အပြည့်အ၀ထောက်ခံပါသည်” ဟူသောစာသားများရေးသားထားသောဆိုင်ဘုတ်များကိုင်ဆောင်၍ ၂၀၀၈ဥပဒေပြင်ဆင်ရေးဒို့အရေး… ဒို့အရေး၊ ဒို့အရေး၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်း ကော်မတီ(အောင်ရမည်)အောင်ရမည်) စသည်ကြွေးကြော်သံများဖြင့် စလင်း-ဆင်ဖြူကျွန်း-ပွင့်ဖြူ-မင်းဘူး(နရပတိစည်သူ)ကားလမ်းမကြီးအတိုင်း- မြောက်မြို့ရိုးလမ်း (စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ တောင်ဘက်လမ်း)မှတဆင့် စလင်း-စေတုတ္တရာ (နရပတိစည်သူ)ကားလမ်းအတိုင်း စည်တန်းလှည့်လည် ပြီး(ဈေမရပ်ကွက်၊ စလင်းမြို့စည်ပင်သာယာပန်းခြံ ၀န်းအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်နေရာတွင်(Hand Speaker)များကိုင်ဆောင်၍ ကြွေးကြော်ခြင်းနှင့် စာရေးဆရာ ချစ်စရာ(မန္တလေး)မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဟောပြောပွဲပြုလုပ်ပြီး ၉း၄၅မိနစ်တွင် ရုပ်သိမ်းခဲ့သည်။ ထိုထောက်ခံပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်၊ ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းအောင်တို့ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment