မင်းဘူး ဇူလှိုင် ၂
မကွေးတိုင်းဒေသကြီး၊
မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သာယာလှပစေရေးအတွက် ယမန်နေ့ ညနေပိုင်းက
မင်းဘူး-မကွေးကားလမ်းဘေး၊ မင်းဘူးမြို့ဝင် ဆိုင်းဘုတ်အနီးတွင် အလှပင်များ စိုက်ပျိုးခဲ့
ကြောင်း သိရသည်။
မိုးရာသီအမှီ
အလှပန်းပင်များစိုက်ပျိုးရာတွင် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ
ဦးဝင်းနိုင် ဦးဆောင်သောအဖွဲ့ဝင် ဝန်ထမ်း(၃၀)ဦးက မင်းဘူး-မကွေးကားလမ်း၊ မင်းဘူးမြို့ဝင်
ဆိုင်းဘုတ်အနီးတွင် စက္ကူအလှပန်းပင်များကို တပျော်တပါး စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထို့ပြင်
မင်းဘူးမြို့နဂါးပွတ်တောင်လမ်း၊ စက္ကိန်းတဲဘုရားလမ်း၊ မင်းဘူး-စကုလမ်းနှင့် မင်းဘူး-အမ်းလမ်း
တလျှောက်တို့တွင် အလှပန်းပင်(၄ဝဝ)ခန့်ကို ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာ
ရေးအဖွဲ့မှ သိရသည်။
မျိုးမြတ်(မင်းဘူး)
0 comments:
Post a Comment