Thursday, July 25, 2019

မင်းဘူးမြို့တွင် ဖုန်းဆော့ဝဲအား အသုံးပြုလျှက်(၆)ကောင် လောင်းကစားပြုလုပ်နေသူ(၄)ဦးအား ဖမ်းဆီးရမိ



မင်းဘူး                ဇူလှိုင်          ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာ ထောက်ရှာပင် (ကမ်းနီ)ရေနံမြေ၊ ပင်မဓါတ်အားခွဲရုံအနီး မင်းဘူး-မင်းလှ ကားလမ်းဘေးယာဘက်ခြမ်း သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ (၃)ပင်ခြေစိုက် ပိုင်ရှင်မဲ့ လူမနေတဲအတွင်းတွင် ဖုန်းဆော့ဝဲအား အသုံးပြုလျှက်(၆)ကောင် လောင်ကစားပြုလုပ်သူ(၄)ဦးအား ယမန်နေ့ ညနေ ၄ နာရီ အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မင်းဘူး-မင်းလှ ကားလမ်းဘေးယာဘက်ခြမ်း သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ (၃)ပင်မြေစိုက်  ပိုင်ရှင်မဲ့ လူမနေတဲအတွင်း ဖုန်းဆော့ဝဲဖြင့် (၆)ကောင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မင်းဘူးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်းနှင့် အဖွဲ့ဝင်(၈)ဦး၊ ရွာသာယာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သန်း၊ မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်၊ ရာအိမ်မှူး ဦးကျော်လင်းအောင်တို့နှင့်အတူ ရွာသာယာကျေးရွာ ထောက်ရှာပင်(ကမ်းနီ)ရေနံမြေ၊ ပင်မဓါတ်အားခွဲရုံအနီး မင်းဘူး-မင်းလှ ကားလမ်းဘေးယာဘက်ခြမ်း သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ (၃)ပင်ခြေစိုက် ပိုင်ရှင်မဲ့ လူမနေတဲအတွင်း ဖုန်းဆော့ဝဲဖြင့်(၆)ကောင် လောင်းကစား ပြုလုပ် နေကြောင်း သတင်းအရ သွားရောက် ဖမ်းဆီးခဲ့ရာ တဲအတွင်း ကွပ်ပျစ်ပေါ်တွင် ရဲအောင် ၂၇ နှစ်၊(ဘ)ဦးမင်းနိုင်၊ ကျဘမ်း၊ ရွာသာယာကျေးရွာအုပ်စု၊ မင်းဘူးမြို့နယ်၊ သန်းဇော်ပို ၁၈ နှစ်(ဘ) ဦးသန်းထွန်းလေး၊ ကျဘမ်း၊ ရွာသာယာအုပ်စု၊ မင်းဘူးမြို့နယ်၊ မယဉ်ဌေး ၂၆နှစ်၊ (ဘ)ဦးမြင့်နိုင်၊ ကျဘမ်း သင်္ဘောကျွန်းကျေးရွာအုပ်စု၊ မင်းဘူးမြို့နယ် နေသူတို့အား ရွှေရောင်ဖုန်းမျက်နှာ ပြင်ပေါ်တွင် အံစာတုန်း(၃) တုန်းပါ ဆော့ဝဲအား နှိပ်၍ အသုံးပြုလျက်(၆)ကောင် လောင်းကစားပြုလုပ်နေသည်ကို  တွေ့ရှိခဲ့ရသည်။
အဆိုပါ လောင်းကစားနေသူ(၄)ဦးထံမှ ဖုန်းဆော့ဝဲဖြင့်(၆)ကောင် လောင်းကစားပြုလုပ်ရာတွင် ရေးဆွဲထား သည့် သမင်၊ ဗူး၊ ကြက်၊ ငါး၊ ပုဇွန်၊ ဂဏန်း ရုပ်ပုံများပါကတ်ထူပြား(၁)ခု၊ Redmi  4­­­­­x  အမျိုးအစား ရွှေရောင်ဖုန်း (၁)လုံး၊ လောင်းကြေးငွေစက္ကူ(၆၁၃၀၀)ကျပ် နှင့် Follow me 110 နက်/ စိမ်းရောင်ဆိုင်ကယ်(၁)စီး ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့(၄)ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)၊ မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment