Wednesday, July 17, 2019

ပလပ်​စတစ်​ကြွပ်​ကြွပ်​အိတ်​သုံးစွဲမှု​လျော့ချ​ရေးအသိပညာ​ပေး


ငြိမ်းသူ(စလင်း)
မင်းလှ  ဇူလိုင်​ ၁၇

မ​ကွေးတိုင်း​ဒေသကြီး သရက်​ခရိုင်​ မင်းလှ မြို့နယ်​စည်​ပင်​သာယာအဖွဲ့ပိုင်​ ​ဇေယျာသီရိ​ဈေးကြီးအတွင်းရှိ ​ဈေး​ရောင်းချ​နေ​သော ​ဈေးသည်​များကိုသဘာဝပတ်​ဝန်းကျင်​ထိန်း သိမ်း​ရေး လှုပ်​ရှားမှုအဖြစ်​ ကြွပ်​ကြွပ်​အိတ်​ သုံးစွဲမှု​လျော့ချ​ရေးအတွက်​ ပလပ်​စတစ်​စွန့်​ ပစ်​ပစ္စည်းများ​ကြောင့်​ ​ရေ ​မြေ သဘာဝပတ်​ဝန်းကျင်​ကို ညစ်​ညမ်း​စေပြီး ကျန်းမာ​ရေး ကိုဆိုးဝါးစွာ ထိခိုက်​​စေနိုင်​သဖြင့်​ ပလပ်​စတစ်​ကြွပ်​ကြွပ်​အိတ်​သုံးစွဲမှုကို ​လျော့ချ၍ ကျန်းမာ​ရေးကိုအ​ထောက်​အကူပြု​စေမည့်​ စက္ကူ၊ ဖက်​ရွက်​များကို အစားထိုးသုံးစွဲသွား ကြရန်​ အသိပညာ​ပေးခြင်း နှင့်​ လက်​ကမ်း စာ​စောင်​များဖြန့်​​ဝေခြင်းကို ယ​နေ့နံနက်​ပိုင်း က မြို့နယ်​စည်​ပင်​သာယာ​ရေးအဖွဲ့မှ ဝန်ထမ်းများနှင့်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​​ရေးဦးစီးဌာန ဝန်​ထမ်းများမှ စုပေါင်း၍ ကွင်းဆင်း​ဆောင်​ရွက်​ခဲ့​ကြောင်း သိရသည်​။


0 comments:

Post a Comment