Saturday, July 6, 2019

အလုပ်​တွင်​ ထိခိုက်​ဒဏ်​ရာရရှိမှု​ကြောင့်​ အမြဲတမ်း မသန်​စွမ်းမှု ​ငွေလုံး​ငွေရင်း အကျိုးခံစားခွင့်​ထုတ်​​ပေး



မင်းဘူး ဇူလိုင်​ ၆
 မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးမြို့နယ်​ လူမှုဖူလုံ​ရေးရုံးတွင်​ အကျုံးဝင်​မှတ်​ပုံတင်​ထားသည့်​ မန်း​ရေနံ​မြေမှ အာမခံအလုပ်​သမား တစ်​ဦး၏ အလုပ်​တွင်​ ထိခိုက်​ဒဏ်​ရာရရှိမှု​ကြောင့်​ အမြဲတမ်း မသန်​စွမ်းမှု​ငွေလုံး​ငွေရင်း အကျိုးခံစားခွင့်​ကျပ်​ နှစ်​ဆယ့်​ငါးသိန်း​ ကျော်​အား ယမန်​​နေ့ နံနက်​ပိုင်းက မန်း​ရေနံ​မြေ စု​ပေါင်းရုံး ခန်းမတွင်​ တာဝန်​ရှိသူ လက်​ဝယ်​အ​ရောက်​ ထုတ်​​ပေးခဲ့​​ကြောင်း သိရသည်​။

 အခမ်းအနားတွင်​ အလုပ်​သမား၊ လူဝင်​မှုကြီးကြပ်​​ရေးနှင့်​ ပြည်​သူ့အင်​အားဝန်​ကြီးဌာန၊ မင်းဘူးမြို့နယ်​လူမှုဖူလုံ​ရေး ရုံး၊ ဦးစီးအရာရှိ ​ဒေါ်သန်းသန်း​အေးက ၂၀၁၂ခုနှစ်​ လူမှုဖူလုံ​ရေး ဥပ​ဒေပါ သိ​ကောင်းစရာများနှင့်​ အမြဲတမ်းမသန်​စွမ်းမှု ​ငွေလုံး​ငွေရင်း ​ပေးအပ်​ခြင်းနှင့်​ ပတ်​သက်​၍ ရှင်းလင်း ​ပြောကြားခဲ့သည်​။

 ထို့​နောက်​မင်းဘူးမြို့နယ်​ အလုပ်​သမား ညွှန်​ကြား​ရေး ဦးစီးဌာန၊ လက်​​ထောက်​ညွှန်​ကြား​ရေးမှူး ​ဒေါ်ခင်​စန်းဝင်းလွင်​မှ မင်းဘူးမြို့နယ်​ လူမှုဖူလုံ​ရေးရုံးတွင်​ အကျုံးဝင်​မှတ်​ပုံတင်​ထားသည့်​ မန်း​ရေနံ​မြေမှ အာမခံအလုပ်​သမားဦးတင်​လင်းဦး၏ အလုပ်​တွင်​ ထိခိုက်​ဒဏ်​ရာရရှိမှု​ကြောင့်​ အမြဲတမ်းမသန်​စွမ်းမှု​ငွေလုံး​ငွေရင်း ကျပ်​ ၂၅၈၃၈၁၉ (ကျပ်​နှစ်​ဆယ့်​ငါးသိန်းရှစ်​​သောင်း သုံး​ထောင့်​ ရှစ်​ရာ တစ်​ဆယ်​ကိုး တိတိ)အား တာဝန်​ရှိသူထံ ​ပေးအပ်​ခဲ့ရာ အကျိုးခံစားခွင့်​လက်​ခံရရှိသူဦးတင်​လင်းဦးက ​ကျေးဇူးတင်​စကား ပြန်​လည်​​ပြောကြားခဲ့​ကြောင်း သိရသည်​။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment