Monday, July 8, 2019

ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးရောင်ပြန်စတစ်ကာများလိုက်လံတပ်ဆင်ပေး



စလင်း၊ ဇူလိုင် ၇
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့ စေရန်အသုံးပြုလျှက်ရှိသော ဘေးတွဲဆိုင်ကယ်များ ညအချိန်အန္တရာယ်ကင်းရှင်းစေရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ကြည်ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ရောင်ပြန်စတစ်ကာများလိုက်လံတပ်ဆင်ပေးခြင်းကို ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဘေးတွဲဆိုင်ကယ်များ ရပ်နားလေ့ရှိသော နေရာများနှင့် စလင်းမြို့မဈေး ပတ်လည်ရှိနေရာများတွင် ရောင်ပြန်စတစ်ကာများ လိုက်လံတပ်ဆင်ပေးခြင်းကိုဆောင်ရွက်ခဲ့သည်။
          ဘေးတွဲဆိုင်ကယ်များမှာ ဒေသလိုအပ်ချက်အရ ယခင်အနှေးယာဉ်ဆိုက်ကားများနေရာသို့ အစားထိုးအသုံးပြုလာကြခြင်းဖြစ်ပြီး ညအချိန်သယ်ယူပို့ဆောင်ခဲ့ပါက တပ်ဆင်သင့်သည့်မီးလုံးများ ချွတ်ယွင်းမှုဖြစ်ပေါ်ပါက  ယာဉ်မတော်တဆမှုများမဖြစ်ပေါ်စေရန်အတွက် ရောင်ပြန်စတစ်ကာများ တပ်ဆင်ပေးခြင်းဖြစ်ရာ ဘေးတွဲဆိုင်ကယ်မောင်းသူများ ကျေနပ်ဝမ်းသာလျှက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်

0 comments:

Post a Comment