Wednesday, July 17, 2019

သီရိဓမ္မတေဇဘာတိက စေတီတော် ဌာပနာပိတ်ပွဲကျင်းပ



ဂန့်ဂေါ ဇူလိုင် ၁၄
          ဂန့်ဂေါမြို့နယ် ကြက်ရိုးရွာ အဘယာရာမကျောင်းတိုက်၌ ဇူလိုင် ၁၄ ရက် နံနက်က သီရိဓမ္မတေဇ ဘာတိက စေတီတော်မြတ်တွင် ဗုဒ္ဒဓာတ်တော်၊ ရုပ်ပွါးတော်များအား ဌာပနာသွင်းနှံခြင်း နှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပရာ နမောတဿ ဘုရားရှိခိုးဖြင့်ဖွင့်လှစ်၍ မကွေးတိုင်းဒေသကြီး သံဃဝန်ဆောင် ကျောမြို့ (၂) ရပ်ကွက် ကျောင်းဆောင်ဆရာတော် ဘဒ္ဒ န္တသုန္တရ ထံမှ ငါးပါးသီလကို ခံယူ ဆောက်တည်ကြသည်။

        
  ထို့နောက် အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်း တေဇ (၁၄) ကျောင်းဆင်းအရာရှိ မိသားစုနှင့် ကြက်ရိုးရွာသူ၊ ရွာသားများက စေတီတော်မြတ်၌ ဌာပနာသွင်းနှံရန် ဗုဒ္ဓဓာတ်တော်၊ ရုပ်ပွါးတော်များ၊ ဌာပနာပစ္စည်းများအားလည်းကောင်း၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို က အဘယာရာမ ကျောင်း မြေနေရာ အခွန်လွတ် သာသနာ့မြေဂရန်ကိုလည်းကောင်း၊ အဘယာရာမကျောင်းဆရာတော် ဘဒ္ဒ န္ဆ ကေသရ ထံ ဆက်ကပ်လှူဒါန်းကြပြီး တေဇ(၁၄) ကျောင်းဆင်းအရာရှိ မိသားစုက အဘယာရာမကျောင်းတွင် ဝါဆိုကြမည့် သံဃာတော်များအား ဝါဆိုသင်္ကန်းများကို ဆက်ကပ်လှူဒါန်းကြကာ ရေစက်သွန်းချအမျှ ပေးဝေကြပြီး ဗုဒ္ဓဓာတ်တော်၊ ဆင်းထုတော်၊ ဌာပနာပစ္စည်းများအား ပင့်ဆောင်ကြကာ ဌာပနာပိတ်ပွဲမင်္ဂလာ ကျင်းပကြောင်း သိရသည်။
တောင်သားမောင်သန်း

0 comments:

Post a Comment