Saturday, July 6, 2019

ဆင်ဖြူကျွန်းမြို့ပြည်သူ့ဆေးရုံသန့်ရှင်းသာယာရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဆင်ဖြူကျွန်း၊ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ဆင်ဖြူကျွန်းမြို့လူငယ်ပရဟိတအသင်းမှ အဖွဲ့ဝင်များသည် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ယမန်နေ့ညနေက ဆင်ဖြူကျွန်းမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်းနှင့် ဘေးပတ် ဝန်းကျင်တွင်သန့်ရှင်းသာယာလှပရေး သန့်ရှင်းရေးလုပ်ငန်းများစုပေါင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံအဆောက်ဦရှေ့ရှိ အလှပန်းပင်များနှင့် အရိပ်ရပင်များ စိုက်ပျိုးထားသည့် ပန်းခြံအတွင်းသစ်ရွက်အမှိုက်ခြောက်များသိမ်းဆည်းခြင်း၊ ပေါင်းမြစ်များရှင်းလင်းခြင်း၊ ဆေးရုံတွင်ဆေးကုသခံယူသည့် လူနာများနှင့်လူနာစောင့်များ ခေတ္တတည်းခိုဆောင်အနီးပတ်ဝန်းကျင်ရှိ စွန့်ပြစ်အမှိုက်များရှင်းလင်းခြင်း၊ အများသုံးအမှိုက်ပုံးများအတွင်းရှိအမှိုက်များအား သတ်မှတ်ထားသော နေရာတွင် စနစ်တကျစွန့်ပြစ်ခြင်းများဆောင်ရွက်ခဲ့ကြပြီး ဆင်ဖြူကျွန်းဆေးရုံအုပ် ဒေါက်တာမြတ်ကိုကိုငြိမ်း နှင့်လက်ထောက်ဆရာဝန် ဒေါက်တာကျော်ထက်အောင်တို့မှ အချိုရည်၊ အအေးနှင့်မုန့်များဖြင့်တည်ခင်း ဧည်ခံခဲ့ကြောင်းသိရသည်။ ဆင်ဖြူကျွန်းမြို့လူငယ်ပရးဟိတအသင်းအနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို အခါအားလျှော်စွာ ကူညီဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
စိုးမိုးသူ (စလင်း)

0 comments:

Post a Comment