This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, July 28, 2019

မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၈ ၊ ၂၀၁၉ ၊ သြဂုတ်လ (၁-၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၁၉၊ ဇူလိုင်လ (၃၀/၃၁)ရက်နေ့ မှာ ကြိုတင်ဖြန့်ချိပါမည်။


မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၈ ၊ ၂၀၁၉ ၊ သြဂုတ်လ (၁-၁၅)ရက်ထွက် ဂျာနယ်ကို
၂၀၁၉၊ ဇူလိုင်လ (၃၀/၃၁)ရက်နေ့ မှာ ကြိုတင်ဖြန့်ချိပါမည်။


မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ် (စာတိုက်ပို့ရန်) အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ် မကွေးမြို့။


Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : uwin kyi
Pages : Myaylatt daily / မြေလတ်ဂျာနယ်

မြေလတ်ဂျာနယ် အယ်ဒီအဖွဲ့ရုံး (ပြည်တော်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံအနီး)
ဆိုင်အမှတ် ၇၊ ထီအရောင်းဆိုင်တန်း၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀- ၆၉၁၁၂၉၁၁၁- 063-2025197

Saturday, July 27, 2019

လူထုဗဟိုပြုစီမံကိန်း မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲကျင်းပ

မင်းတုန်း ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းတုန်းမြို့ အောင်ဆန်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ မင်းတုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်ညိုညိုဝင်း တို့က အမှာစကားပြောကြားပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များမှ အုပ်စုခုနစ်အုပ်စုဖွဲ့ကာ စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍ အားသားချက် အားနည်းချက်များနှင့် ထည့်သွင်းစဉ်းစားရမည့် အကြံပြုချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တိုင်းဒေသကြီး စီမံကိန်းတာဝန်ခံ ဦးသန်းထိုက်ဇော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပါသည်။
ထို့နောက် မြို့နယ်အဆင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုအရှိဆုံးဖြစ်သော ကျေးရွာအုပ်စုအဆင့်နှင့် ကျေးရွာအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးပါသည်။
အဆိုပါ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူထုဗဟိုပြုစီမံကိန်းစီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာ(၁၈၀)ရွာမှ ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီဝင်များ တက်ရောက် ခဲ့ကြကြောင်းသိရသည်။
စိုးမိုးကျော် 09256087268

Thursday, July 25, 2019

မင်းဘူးမြို့တွင် ဖုန်းဆော့ဝဲအား အသုံးပြုလျှက်(၆)ကောင် လောင်းကစားပြုလုပ်နေသူ(၄)ဦးအား ဖမ်းဆီးရမိ



မင်းဘူး                ဇူလှိုင်          ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာ ထောက်ရှာပင် (ကမ်းနီ)ရေနံမြေ၊ ပင်မဓါတ်အားခွဲရုံအနီး မင်းဘူး-မင်းလှ ကားလမ်းဘေးယာဘက်ခြမ်း သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ (၃)ပင်ခြေစိုက် ပိုင်ရှင်မဲ့ လူမနေတဲအတွင်းတွင် ဖုန်းဆော့ဝဲအား အသုံးပြုလျှက်(၆)ကောင် လောင်ကစားပြုလုပ်သူ(၄)ဦးအား ယမန်နေ့ ညနေ ၄ နာရီ အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မင်းဘူး-မင်းလှ ကားလမ်းဘေးယာဘက်ခြမ်း သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ (၃)ပင်မြေစိုက်  ပိုင်ရှင်မဲ့ လူမနေတဲအတွင်း ဖုန်းဆော့ဝဲဖြင့် (၆)ကောင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မင်းဘူးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်းနှင့် အဖွဲ့ဝင်(၈)ဦး၊ ရွာသာယာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သန်း၊ မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်၊ ရာအိမ်မှူး ဦးကျော်လင်းအောင်တို့နှင့်အတူ ရွာသာယာကျေးရွာ ထောက်ရှာပင်(ကမ်းနီ)ရေနံမြေ၊ ပင်မဓါတ်အားခွဲရုံအနီး မင်းဘူး-မင်းလှ ကားလမ်းဘေးယာဘက်ခြမ်း သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ (၃)ပင်ခြေစိုက် ပိုင်ရှင်မဲ့ လူမနေတဲအတွင်း ဖုန်းဆော့ဝဲဖြင့်(၆)ကောင် လောင်းကစား ပြုလုပ် နေကြောင်း သတင်းအရ သွားရောက် ဖမ်းဆီးခဲ့ရာ တဲအတွင်း ကွပ်ပျစ်ပေါ်တွင် ရဲအောင် ၂၇ နှစ်၊(ဘ)ဦးမင်းနိုင်၊ ကျဘမ်း၊ ရွာသာယာကျေးရွာအုပ်စု၊ မင်းဘူးမြို့နယ်၊ သန်းဇော်ပို ၁၈ နှစ်(ဘ) ဦးသန်းထွန်းလေး၊ ကျဘမ်း၊ ရွာသာယာအုပ်စု၊ မင်းဘူးမြို့နယ်၊ မယဉ်ဌေး ၂၆နှစ်၊ (ဘ)ဦးမြင့်နိုင်၊ ကျဘမ်း သင်္ဘောကျွန်းကျေးရွာအုပ်စု၊ မင်းဘူးမြို့နယ် နေသူတို့အား ရွှေရောင်ဖုန်းမျက်နှာ ပြင်ပေါ်တွင် အံစာတုန်း(၃) တုန်းပါ ဆော့ဝဲအား နှိပ်၍ အသုံးပြုလျက်(၆)ကောင် လောင်းကစားပြုလုပ်နေသည်ကို  တွေ့ရှိခဲ့ရသည်။
အဆိုပါ လောင်းကစားနေသူ(၄)ဦးထံမှ ဖုန်းဆော့ဝဲဖြင့်(၆)ကောင် လောင်းကစားပြုလုပ်ရာတွင် ရေးဆွဲထား သည့် သမင်၊ ဗူး၊ ကြက်၊ ငါး၊ ပုဇွန်၊ ဂဏန်း ရုပ်ပုံများပါကတ်ထူပြား(၁)ခု၊ Redmi  4­­­­­x  အမျိုးအစား ရွှေရောင်ဖုန်း (၁)လုံး၊ လောင်းကြေးငွေစက္ကူ(၆၁၃၀၀)ကျပ် နှင့် Follow me 110 နက်/ စိမ်းရောင်ဆိုင်ကယ်(၁)စီး ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့(၄)ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)၊ မျိုးမြတ်(မင်းဘူး)

Wednesday, July 17, 2019

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးငြိမ်းချမ်းစွာလူထုဆန္ဒထုတ်ဖော်ပွဲကျင်းပပြုလုပ်


စလင်း၊ ဇူလိုင် ၁၇
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ လူထုဆန္ဒထုတ်ဖော်ပွဲကို ဇူလိုင်လ ၁၇ ရက် နံနက် ၇ နာရီအချိန်က စလင်းမြို့ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

         
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို စလင်းမြို့ ဈေးမရပ်ကွက်နေ (ဘ)ဦးထွန်းရွှေ၏ သား ဦးအေင်စိုး (က.စ.လ၊အငြိမ်းစားဝန်ထမ်း)မှ ဦးဆောင်၍ မြို့ပေါ်နှင့်ကျေးရွာများမှပြည်သူ(၁၈၀၀၀)ခန့်ဖြင့် မြို့နယ်အားကစားကွင်းနေရာ၌ စတင်စုဝေးပြီး ”၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး ပူးပေါင်းကော်မတီ အား အပြည့်အ၀ထောက်ခံပါသည်” ဟူသောစာသားများရေးသားထားသောဆိုင်ဘုတ်များကိုင်ဆောင်၍ ၂၀၀၈ဥပဒေပြင်ဆင်ရေးဒို့အရေး… ဒို့အရေး၊ ဒို့အရေး၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်း ကော်မတီ(အောင်ရမည်)အောင်ရမည်) စသည်ကြွေးကြော်သံများဖြင့် စလင်း-ဆင်ဖြူကျွန်း-ပွင့်ဖြူ-မင်းဘူး(နရပတိစည်သူ)ကားလမ်းမကြီးအတိုင်း- မြောက်မြို့ရိုးလမ်း (စလင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ တောင်ဘက်လမ်း)မှတဆင့် စလင်း-စေတုတ္တရာ (နရပတိစည်သူ)ကားလမ်းအတိုင်း စည်တန်းလှည့်လည် ပြီး(ဈေမရပ်ကွက်၊ စလင်းမြို့စည်ပင်သာယာပန်းခြံ ၀န်းအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်နေရာတွင်(Hand Speaker)များကိုင်ဆောင်၍ ကြွေးကြော်ခြင်းနှင့် စာရေးဆရာ ချစ်စရာ(မန္တလေး)မှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဟောပြောပွဲပြုလုပ်ပြီး ၉း၄၅မိနစ်တွင် ရုပ်သိမ်းခဲ့သည်။ ထိုထောက်ခံပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်၊ ခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းအောင်တို့ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
မြို့နယ်ပြန်/ဆက်

မ​ကွေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့မှ မင်းဘူးမြို့ ဘိုးဘွားရိပ်သာတည်ဆောက်ရေးအတွက်အလှူ ငွေပေးအပ်



မင်းဘူး ဇူလိုင် ၁၇

မင်းဘူးခရိုင် မင်းဘူးမြို့ ဘိုးဘွားရိပ်သာတည်ဆောက်ရေး အတွက်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းငွေ  ကျပ်သိန်း(၅၅၀)ပေးအပ်ပွဲအား ယနေ့နေ့လည်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်း​ဝေးခန်းမ၌ကျင်းပပြုလုပ်သည်။
 ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးကအလှူ ငွေပေးအပ်လှူ ဒါန်းရခြင်း အကြောင်းအားရှင်းလင်းပြောကြားပြီး ဘိုးဘွားရိပ်သာအဆောက်အဦးအား အရည်အသွေးပြည့်မီစွာဖြင့် အမြန်ဆုံးပြီးစီးအောင်မြင်အောင်တည်ဆောက်စေလိုကြောင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည် ၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ ၊ မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး ၊ မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံတို့မှ အလှူ ငွေအားပေးအပ်လှူ ဒါန်းရာ ဘိုးဘွားရိပ်သာတည်ဆောက်ရေးကော်မတီအဖွဲ့မှ အလှူ ငွေအားလက်ခံခဲ့သည်။
  ယနေ့ကျင်းပပြုလုပ်သောအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ ဌာနဆိုင်ရာအကြီးအကဲများ နှင့် ဘိုးဘွားရိပ်သာတည်ဆောက်ရေး ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။
မျိုးမြတ်(မင်းဘူး)