မင်းဘူး မေ ၂၈
ကုန်းတွင်းလုပ်ကွက်အမှတ်
RSF.5 တွင် အစမ်းတွင်း တူးဖော်ရေးအတွက် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းအတွက်
ဒုတိယအကြိမ်မြောက် လူထုတွေ့ဆုံပွဲအခမ်းအနားကို မေလ(၂၈) ရက်နေ့ နေ့လည်(၁) နာရီက မင်းဘူးမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်
ရှေးဦးစွာ မင်းဘူး(စကု) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦီးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး
ဦးသိန်းဇော်ကံမှ အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း
အထွေထွေစီမံခန့်ခွဲရေးဌာနမှ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍
SEM အကြံပေးကုမ္ပဏီမှ လူမှုရေးဆိုင်ရာ အကြံပေးအရာရှိ ဒေါက်တာစန္ဒာလှိုင်မှ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ခြင်းနှင့်
သက်ဆိုင်သည်များကို ရှင်းလင်းပြောကြား ခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များအား
မေးမြန်ခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ
အခမ်းအနားသို့ မင်းဘူး(စကု) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြို့နယ်အဆင့်
ဌာနဆိုင်ရာ အကြီးအကဲများ၊ MOGE နှင့် Eni Myanmar ကုမ္ပဏီမှ ဝန်ထမ်းများ၊ ERM နှင့်
SEM ကုမ္ပဏီမှ ဝန်ထမ်းများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ကျော်စိုးဝင်း( မင်းဘူး)
0 comments:
Post a Comment