Thursday, June 27, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာ့ရိုးရာဆံပင်ထုံးဖွဲ့မှုစရစ်ဝိုင်းထားရှိသည့် ရေပုတ်ကြီးကျေးရွာဒေသခံ ပြည်သူများတွေ့ဆုံပွဲပြုလုပ်



 မင်းဘူး
ဇွန်လ(၂၇)ရက် နံနက်(၁၀)နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ မြန်မာ့ရိုးရာဆံပင် ထုံးဖွဲ့မှုစရစ်ဝိုင်းထားရှိသည့် ရေပုတ်ကြီးကျေးရွာဒေသခံပြည်သူများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရေပုတ်ကြီးကျေးရွာတွင်တွေ့ဆုံပွဲပြုလုပ် ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က
ရေပုတ် ကြီးကျေးတွင် ကျောင်းနေအရွယ်ကလေးများမှာ (၄)တန်အထိသာ နေသူများသဖြင့် ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ကြားကြရန်နှင့် မိဘများမှလည်း ကလေးများကို ပညာရေမြှင့်တင်ပေးရန်မှာကြားခြင်း ထို့ပြင် ကျန်းမာရေး စိုက်ပျိုးရေး စီးပွားရေး နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှပြန် လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဒေသခံပြည်သူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း ရွှေညာမြေဓာတ်ပုံပြခန်းသို့ လှည့်လည်ကြည့်ရူ့ခဲ့ပြီး ရေပုတ်ကြီးကျေးရွာရွာဦး ဘုန်းကြီးကျောင်းသို့သွားရောက်ဖူးမျော်ခဲ့သည်။
အဆိုပါရေပုတ်ကြီးကျေးရွာမှာ လယ်ယာမြေများရှိသောလည်း မိုးလေဝသရာသီဥတုမကောင်းခြင်းကြောင်း ဆည်ရေရရှိသည့်ကျေးရွာများသို့ လယ်ယာများသွားရောက်လုပ်ကိုင်ရသဖြင့် ဆည်ရေရရှိနိုင်ရေးနှင့် ကျေးရွာအတွင် လျှပ်စစ်မီးမရှိသဖြင့် လျှပ်စစ်မီးရရှိနိုင်ရေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံကျေးရွာသူ ကျေးရွာသားများက တင်ပြ တောင်းဆိုခဲ့ကြသည်။ "ကျွန်မတို့ရွာက အရင်တုန်းက လမ်းပန်းဆက်သွယ်ရေးမကောင်းခဲ့တဲ့အတွက် ဌာနဆိုင်ရာအကြီးအကဲဆိုလို့ မြို့နယ်မှူးလောက်သာရောက်ဖူးတာပါ အခုလိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူတွေကချစ်မြတ်နိုးတဲ့ အမေစုလာမယ်ဆိုတော့ အတိုင်းမသိဝမ်းသာပါတယ် ဟုရေပုတ်ကြီးကျေးရွာ စရစ်ဝိုင်းထားရှိသည့် အမျိုးသမီး မပြုံးပြုံးရီကပြောသည်။ ရေပုတ်ကြီးကျေးရွာတွင် စရစ်ဝိုင်းထားရှိသည့် မိန်းကလေး ယောက်ျားလေး(၆၀၀)ဦးကျော်ရှိကြောင်းသိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး မင်းဘူး စလင်း ပွင့်ဖြူ နတ်မောက် စသည့် မြို့နယ်များမှပြည်သူများ ရေပုတ်ကြီးကျေးရွာအနီတစ်ဝှိုက်ရှိပြည်သူများတက်ရောက်ခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ရိုးရာဆံပင်ထုံးဖွဲ့မှုစရစ်ဝိုင်းထားရှိသည့် ရေပုတ်ကြီးကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတွင် တင်ပြစာပေါင်း(၂၈)စောင်ပြည်သူများကတင်ပြခဲ့ ကြောင်းသိရသည်။ (၂၇)ရက်နေ့ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် မကွေးမြို့ မြသလွန်ဘုရား ကြီးကိုဝင်ရောက်ဖူးမြော်ခဲ့ကြောင်း သတင်းရရှိသည်။
ဇာမဏီ

0 comments:

Post a Comment