Friday, June 21, 2019

ပေါက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Community Centre ခန်းမ ဆောက်လုပ်ရန်ညှိနှိုင်းအ စည်းအဝေးကျင်းပ



  ပေါက် ဇွန် ၂၁
  ပေါက်မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးဝန်းတစ်နေရာ၌ Community Centre ဆောက်လုပ်ရန်ကြိုတင်ညှိနှိုင်းအစည်းအဝေးကိုဇွန်၂၁ရက် မွန်းလွဲပိုင်းကပြန်/ဆက်ဦးစီး ဌာနစာကြည့်တိုက်ခန်းမ၌ကျင်းပခဲ့သည်။

  အခမ်းအနားတွင်ပြည်သူ့လွှ တ်တော်ကိုယ်စားလှယ်ဦးရဲထွန်းဝင်းကပွင့်လင်းမြင်သာမှုရှိ စေရန်နှင့်ကောင်းသောအကြံ ဥာဏ်တွေနဲ့ပူးပေါင်းဆောင် ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားပြီးမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးစော မြင့်ခိုင်က Community Centre ခန်းမဆောက်လုပ်ရန် လိုအပ်သည့်အကြောင်းအရာများနှင့်ရည်ရွယ်ချက်ကိုရှင်း လင်းပြောကြားသည်။
  ထို့နောက်တက်ရောက်လာ ကြသည့်ဌာနဆိုင်ရာရပ်မိရပ်ဖ များကို Community Centre ခန်းမဆောက်လုပ်ရန်ကော်မ တီဖွဲ့စည်းခဲ့ကြောင်းသိရသည်။
                  ဉာဏ်တိုး(ပေါ က်)

0 comments:

Post a Comment