စလင်း၊ မေ
၂၉
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်အတွင်း
မေလ ၂၆ ရက်နေ့က လေပြင်းတိုက်ခိုက် မှုကြောင့် နေအိမ်ပြိုခြင်းနှင့် အမိုးလန်ခြင်းများဖြစ်၍ပျက်စီးခဲ့သည့်အတွက်
တိုင်းဒေသကြီးဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို
ယမန်နေ့ နေလည် ၁း၃၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌
ပြုလုပ်ခဲ့သည်။
ထိုပေးအပ်ပွဲတွင် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ
တိုင်းဦးစီးမှူး ဦးမြင့်စိုး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကြပြီး လေပြင်းတိုက်၍ပျက်စီးသွားသည့် ကျေးရွာအုပ်စု(၁၂)အုပ်စု၊
ကျေးရွာ(၁၆)ရွာတို့မှ အမိုးလန်အိမ်ခြေ(၈၅)အိမ်အတွက် တစ်အိမ်ထောင်လျှင်(၄၀၀၀၀ိ)နှင့်
ဆန်ရိက္ခာဘိုး ငွေလူတစ်ဦးလျှင်(၇)ရက်စာငွေကျပ်(၂၁၀၀ိ)၊ ပြိုကျအိမ်ခြေ(၁၅)အိမ်အတွက်
အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁)အိမ်လျှင် ကျပ်ငွေ(၁၀၀၀၀၀ိ)၊ ဆန်ရိက္ခာဘိုးငွေလူတစ်ဦးလျှင်(၇)ရက်စာ
ငွေကျပ်(၂၁၀၀ိ) ကယ်ဆယ် ရေးပစ္စည်း(၁)အိမ်လျှင်(၁၅)မျိုးနှင့် ဘုန်းတော်ကြီးကျောင်း(၁)
ကျောင်းအတွက် ထောက်ပံ့ငွေ(၁၀၀၀၀၀ိ/-) တို့ကို တာဝန်ရှိသူများကပေးအပ်ရာ ဖြစ်စဉ်အတွင်းပါဝင်သော
မိသားစုဝင်များက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်
0 comments:
Post a Comment