Sunday, June 2, 2019

ကရာတေးဒိုပြိုင်ပွဲတွင် ဆုရရှိသူ ပုပ္ပကိုင်းကျေးရွာသူတစ်ဦးအား ဂုဏ်ပြုဆုချီးမြှင့်



ဆော ဇွန် ၁
          ဂန့်ဂေါခရိုင် ဆောမြို့နယ် လောင်းရှည်(မြို့ဟောင်း) ဒေသ ပုပ္ပကိုင်းကျေးရွာသူ မသက်ဖူးဝေ သည် ကရာတေးပြိုင်ပွဲများတွင် ဆုများရရှိသည်အထိ ကစားနိုင်ခဲ့သဖြင့် ပုပ္ပကိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း တွင် အရှင်ခေမာစာရ က ယမန်နေ့တွင် ဂုဏ်ပြုဆုချီးမြှင့်သည်။

          မသက်ဖူးဝေ သည် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းသူတစ်ဦးဖြစ်ပြီး ၁၀ တန်း စာမေးပွဲကို ဖြေဆိုထားသူတစ်ဦးလည်းဖြစ်ကာ မန္တလေးမြို့ အားကစားနှင့်ကာယပညာသိပ္ပံ ရတနာသီရိကွင်း (တောင်ဘက်) တွင်ကျင်းပခဲ့သည့် ကရာတေးဒိုပြိုင်ပွဲတွင် အနိုင်ရသည့်အတွက် ရွှေတံဆိပ် ရရှိခဲ့ကြောင်း သိရသည်။
          “ ကျွန်မအနေနဲ့ ကရာတေးဒိုပညာကို ၂၀၁၄ ခုနှစ်ကစပြီး သင်ကြားလေ့ကျင့်ခဲ့တာပါ၊  ပြည်တွင်းပွဲတွေ အပြင် ဂျပန်နိုင်ငံမှာလဲ ပြိုင်ပွဲဝင်ခဲ့ပါတယ်၊ ရပြီးခဲ့တဲ့ ဆုတွေကတော့ ကြေးတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၄ ခု၊ ရွှေတံဆိပ် ၁ ခုတို့ဖြစ်ပါတယ်၊ ကရာတေးဒိုပညာကို ပိုမိုကြိုးစားသင်ယူလေ့ကျင့်ပြီး အောင်မြင်မှုနှင့်အတူ မိဘ ဆွေမျိုးများ၊ ဆရာသမားများ၊ ဇာတိရွာ၊ မြို့နယ်နဲ့ ယောဒေသကို ကျေးဇူးဆပ်လိုပါတယ် “ ဟု မသက်ဖူးဝေ ကပြောသည်။
          ယခုအခါတွင် မသက်ဖူးဝေသည် မိဘများဖြစ်သည့် ဦးခင်မောင်ရီ၊ ဒေါ်ခင်မြင့်ချို ၊ မောင်လေး မောင်ရှိန်းထက်ကို တို့နှင့်အတူ ပုပ္ပကိုင်း ကျေးရွာတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
တောင်သားမောင်သန်း

0 comments:

Post a Comment