ဆိပ်ဖြူ ဇွန်
၇
မကွေးတိုင်းဒေသကြီး၊
ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုနှစ်၊ မိုးစပါးစံပြ
ကွက်၊ စမ်းသပ်ကွက် စိုက်ပျိုးမည့်တောင်သူများနှင့်အကျိုးဆောင်တောင်သူများအား မျိုးသန့်စပါးမျိုးနှင့်
ဓာတ်မြေသြ ဇာ ပံ့ပိုးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ဇွန် လ ၇ ရက် နံနက် (၉) နာရီအချိန်
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင်
ပခုက္ကူခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရန်နိုင်ဝင်းက အဖွင့်အမှာစကား
ပြောကြားခြင်း၊အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်မွန်အေးက အမှာစကားပြောကြားခြင်း၊
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်က မျိုးကောင်းမျိုးသန့်သီးနှံများရွေးချယ်စိုက်ကြရန်
အသီးသီးပြောကြားကြပြီး ကျေးရွာ(၈)ရွာရှိ တောင်သူများအတွက် ၂၀၁၈-၂၀၁၉ ခုနှစ်၊ မိုးစပါးစံပြကွက်၊(၁၂၀)ဧက၊
စမ်းသပ်ကွက်စိုက်ပျိုးမည့် တောင်သူများနှင့် အကျိုးဆောင်တောင်သူများအား မျိုးသန့်စပါးမျိုး
ဆင်းသုခ (၁၅၀)တင်း၊ မနောသုခ (၅၀)တင်း၊ ထိုင်းနှံကောက်(၁၁၈)တင်း စုစုပေါင်း(၃၁၈)တင်းနှင့်
ယူရီးယား(50 kg) ဓာတ်မြေသြဇာ(၇၅)အိတ်တို့အား တောင်သူများလက်ဝယ် အသီး သီး ထောက်ပံ့ပေးအပ်ခဲ့ပြီး
မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မင်းနိုင်က မျိုးကောင်းမျိုးသန့်သီးနှံများကို
စိုက်ပျိုးရေး၊ ဓာတုဆေးဝါးများကို အလွန်အကျွံမသုံးစွဲရေးနှင့် နိုင်ငံတကာသီးနှံဈေးကွက်စနစ်အကြောင်းများကို
နိဂုံးချုပ်ရှင်းလင်း ပြောကြားကြောင်း သိရှိရသည်။
ကိုမျိုး(ယောဧရာ)
0 comments:
Post a Comment