ဂန့်ဂေါ ဇွန် ၈
ဂန့်ဂေါမြို့နယ် ကန်ရွာနေ ဦးသက်စိုးထိုက်
နှင့် ဆရာမဒေါ်ဆွေဆွေဝင်း မိသားစုက ကန်ရွာ မူလတန်း (လွန်) ကျောင်းတွင် စာသင်ကျောင်းဆောင်
တစ်ဆောင်ဆောက်လုပ်လှူဒါန်းထားရာ ကျောင်းဆောင်ဖွင့်ပွဲ နှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲတို့ကို
ဇွန် ၈ နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်၌ ပြုလုပ် သည်။
ကျောင်းဆောင်မှာ အလျား ၃၀ ပေ၊ ၅ လက္မ၊ အနံ ၂၅ ပေ ၃ လက္မ၊ အမြင့် ၁၂ ပေရှိ၍ အုတ်ညှပ်၊
သွပ်မိုး၊ ပျဉ်ကြမ်းခင်း ဖြင့် ဆောက်လုပ်ထားကာ ငွေကျပ် ၆၅၅၆၃၀၀ ကျပ် တန်ဖိုးရှိသည်။
အဆိုပါ ကျောင်းတွင် ကျောင်းသားအင်အားနှင့်
ကျောင်းဆောင်မလုံလောက်သည့်အတွက် ကျောင်း ဆောင်လှူဒါန်းသည်ကို အထူးကျေးဇူးတင်ဝမ်းသာကြောင်း
ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်လင်းက ပြောသည်။
တောင်သားမောင်သန်း
0 comments:
Post a Comment