Sunday, June 2, 2019

နတ်မောက်မြို့နယ်ပြန်/ဆက်ရုံးတွင်ကျောင်းသား/သူများအားကျပန်းစကားပြောပြိုင်ပွဲကျင်းပ


နတ်မောက်            မေ ၃၀

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်ကျောင်းသား/သူများအားကျပန်းစကားပြောပြိုင်ပွဲကိုယနေ့နံနက်၁၀နာရီကလူထုအခြေပြုဗဟိုဌာနကွန်ပျူတာခန်းမဆောင်တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင်မြို့နယ်ပြန်/ဆက်ဦးစီးမှူးကနွေရာသီကျောင်းပိတ်ရက်အတွင်းစာဖတ်ရှိန်ပိုမိုမြင့်တင်ရေးအတွက်ဗဟုသုတတိုးပွားစေရေးနှင့်စာကြည့်တိုက်တွင်ပျော်ရွှင်စေရန်ရည်ရွယ်၍ကျောင်းသား/သူကလေးငယ်များအားပညာပေးရန်ကျပန်းစကားပြောပြိုင်ပွဲပြုလုပ်ခဲ့ကြောင်းရှင်းလင်းပြောကြားခ့ပြီးကျောင်းသား/သူများကလည်းသူတို့၏လေ့လာဖတ်ရှုထားသည့်အကြောင်းအရာများကိုတက်ရောက်လာကြသည့်ကျောင်းသား/သူများဗဟုသုတရစေရန်နှင့်စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်တစ်ဦးချင်းအပြန်အလှန်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
လှဝင်း(နတ်မောက်)


0 comments:

Post a Comment