Sunday, June 2, 2019

ဆင်ဖြူကျွန်းမြို့၌ အသက် ၈၅ နှစ်အထက် ဘိုး/ဘွားများအား ပထမအကြိမ် သက်ကြီးပူဇော်ပွဲကျင်းပ


ဆင်ဖြူကျွန်း၊ မေ ၂၈
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ အမှတ်(၂)ရပ်ကွက် အောင်ဓမ္မာရုံ၌ ယနေ့နံနက် ၈း၀၀ နာရီအချိန်က မြို့ပေါ်ရှိအသက်(၈၅)နှစ်အထက် ဘိုး/ဘွားများအား မြို့ခံပြည်သူလူထုအလှူရှင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ ပထမအကြိမ် သက်ကြီးပူဇော် ကန်တော့ပွဲအခမ်းအနားကျင်းပရာ မင်းဘူးခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းအောင်၊ ဆင်ဖြူကျွန်းမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးထွန်းနှင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ မိခင်ကလေး စောင့်ရှောက် ရေးအသင်း၊ မြို့လူငယ်ပရဟိတလူမှုကူညီရေးအဖွဲ့ဝင်များနှင့် မြို့ခံပြည်သူလူထုအလှူရှင်များ တက်ရောက် ခဲ့ကြပါသည်။

          ဦးစွာကန်တော့ခံဘိုး/ဘွား(၄၄)ဦးအား တစ်ဦးလျှင်အလှူငွေကျပ်-၂၅၀၀၀နှင့် လှူဖွယ်ပစ္စည်း (၁၃)မျိုးစီ ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများက ကန်တော့ချိုးဖြင့်ပူဇော်ကန်တော့ခဲ့ကာ မြို့မိမြို့ဖတစ်ဦး မှ ပူဇော်ကန်တောရခြင်းနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားခဲ့ပါသည်။
          ထိုနောက် ဘိုး/ဘွားများကိုယ်စား ဘိုး/ဘွားတစ်ဦးမှသြဝါဒဆုံးမစကားပြောကြားခဲ့ပြီး အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍အခမ်းအနားပြီးဆုံးခဲ့ပါသည်။အခမ်းအနားပြီးတွင် ဆင်ဖြူကျွန်းမြို့ တိုက်နယ်ဆေးရုံးအုပ် ဒေါက်တာမြတ်ကိုကိုငြိမ်းနှင့် ကျန်းမာရေးဝန်ထမ်းများကသက်ကြီးဘိုး/ဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
စိုးမိုးသူ (စလင်း)

0 comments:

Post a Comment