မင်းဘူး ဇွန် ၂၇
နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၂၇ ရက်၊ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်၊
မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲအား တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း
သိရသည်။
ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာစကား ပြောကြားပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့
ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က အမှာစကားပြောကြားသည်။ ထို့နောက် မင်ဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ
တည်ဆောက်ရေးမှတ်တမ်း ဗီဒီယိုပြသခဲ့ပြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်
က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ
ဖွင့်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး
ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးတင်အောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငွေ၊ Green Earth
Power, GEP(Myanmar)Co.,Ltd. မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်သီဟ တို့က ဖဲကြိုးဖြတ်
ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဒေါက်တာအောင်မိုးညို တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းပေးပြီး၊
နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဧရိယာအား ရှုရပ်မှ ကြည့်ရှု ခဲ့ကြသည်။
အဆိုပါ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး
ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မင်းဘူမြို့မှ
(၁၆.၃)မိုင်ခန့် အကွာတွင် တည်ရှိပြီး၊ GEP
(Myanmar) Co., Ltd.မှ B.O.Tစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်း ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင်
ပထမဦးဆုံးဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး၊ ပထမ အဆင့်မှ တတိယအဆင့်ထိ (၄၀)မဂ္ဂါဝပ်စီနှင့်
စတုတ္ထအဆင့်တွင် (၅၀)မဂ္ဂါဝပ် ထုတ်လွှတ်မည်ဖြစ်ရာ စုစုပေါင်း (၁၇၀)မဂ္ဂါဝပ် ထုတ်လွှတ်နိုင်မည့်
စီမံကိန်းဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)
0 comments:
Post a Comment