Tuesday, June 25, 2019

“သတင်းမီဒီယာကျင့်ဝတ်ဖောက်ဖျက်သူအဖြစ် ကြေညာခြင်း”

Mm.presscouncil
1 hr ·
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာချက် ၁၁/၂၀၁၉
.
၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်၊ အင်္ဂါနေ့
.
“သတင်းမီဒီယာကျင့်ဝတ်ဖောက်ဖျက်သူအဖြစ် ကြေညာခြင်း”
.
၁။ ဟင်္သာမီဒီယာမှ သတင်းထောက် ကိုခင်မောင်ထွေး (ခ) ခေတ်မင်းသည် ဆွမ်းကြီးလောင်းပွဲများတွင် ပြုလုပ်သည့် အန်ဂလုံလောင်းကစားဝိုင်းများတွင် ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်းနှင့် ငွေကြေး မပေးလျှင် ရဲတပ်ဖွဲ့ထံ သတင်းပေးလျှက် ရှိသည့်အပေါ် သက်သေ အထောက်အထားများနှင့်တကွ မြန်မာနိုင်ငံ တောင်ပိုင်းဂျာနယ်လစ် ကွန်ရက် (SMJN) က ၂၀၁၉ ခုနှစ်၊ မတ်လ (၁၃)ရက်တွင် တိုင်ကြားလာသည့်အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေး ကော်မတီက စုံစမ်းစိစစ်မှုများ ပြုလုပ်ခဲ့ပါသည်။
.
၂။ ယင်းကော်မတီ၏ စုံစမ်းစိစစ်ချက်များအရ ဟင်္သာမီဒီယာမှ သတင်းထောက် ကိုခင်မောင်ထွေး (ခ) ခေတ်မင်းသည် ကောင်စီမှထုတ်ပြန်ထားသော သတင်းမီဒီယာကျင့်ဝတ်ပါ-
၂၁-ရဲတပ်ဖွဲ့၊ အခြားအာဏာပိုင် အဖွဲ့အစည်းများနှင့် ဆက်ဆံရေး
၂၁.၁- “မီဒီယာလုပ်ငန်း လုပ်ကိုင်သူများသည် ရဲတပ်ဖွဲ့နှင့် အခြားအာဏာပိုင် အဖွဲ့အစည်းများ၏ သတင်းပေးအဖြစ် ဆောင်ရွက်ခြင်းမပြုရပါ။ အဘယ်ကြောင့်ဆိုသော် အယ်ဒီတာများ၏ သီးခြား လွတ်လပ်မှုနှင့် မီဒီယာတာဝန်ထမ်းဆောင် နေသူများအတွက် အန္တရာယ်ကျရောက်နိုင်ချေ ရှိသောကြောင့် ဖြစ်သည်” ကို ဖောက်ဖျက်ကြောင်း ထင်ရှားသဖြင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ၂၀၁၉ ခုနှစ်၊ မေလ (၉) ရက်တွင် ပြင်းထန်စွာ သတိပေးထားပြီးဖြစ်သည်။
.
၃။ သတင်းထောက် ကိုခင်မောင်ထွေး (ခ) ခေတ်မင်းကလည်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ထားသည့် ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာမည်ဖြစ်ကြောင်း၊ နောက်နောင် သတင်းမီဒီယာဥပဒေနှင့် သတင်းမီဒီယာ ကျင့်ဝတ်များအတိုင်း လိုက်နာဆောင်ရွက်ပြုမူ မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ မေလ (၉) ရက်တွင် ဝန်ခံကတိပြုထားပြီးဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
.

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
.
http://www.myanmarpresscouncil.org/…/342-statements11-25jun…

0 comments:

Post a Comment