ဆိပ်ဖြူ ဇွန်
၂၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများ Book
Club အဖွဲ့မှ ဦးဆောင်ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ် အနေဖြင့် စာဖတ်ဝိုင်းကို
ဇွန် လ ၂၂ ရက် နံနက် (၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းကျင်းပခြင်းသည် အနာဂတ်မျိုးဆက်သစ်များအား
စာဖတ်သည့်အလေ့အကျင့်ကောင်းများ ဖြစ် ပေါ်လာစေရန်၊ စာဖတ်ဝိုင်းများ မိတ်ဆွေကောင်းများနှင့်ရင်းနှီးကျွမ်းဝင်လာစေရန်၊
တစ်ဦးနှင့် တစ်ဦး ဖတ်မှတ်ခဲ့ကြ သည့် စာပေကောင်းကျိုးများ၊ ဆိုးကျိုးများကိုသိရှိနားလည်လာပြီး
စာအုပ်ကပေးသည့် အသိတရားများကို ဝေခွဲပိုင်း ခြားနိုင်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊
ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိ လာစေရန်၊ တစ်ဦးနှင့်တစ်ဦး၏ မတူညီသည့်
အတွေးအခေါ်အယူအဆများ သိရှိလာစေရန်၊ စာပေအသုံးအနှုန်းများ ကို ဝေဖန်ပိုင်းခြားတတ်စေရန်နှင့်
စာဖတ်သည့်အလေ့အကျင့်ကောင်းများဖြင့် ဘဝရှင်သန်နိုင်ရေး အတွေးအခေါ် များမြင့်မားလာပြီး
လူမှုနယ်ပယ်တွင် လိမ္မာယဉ်ကျေးစွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ပြီး စာပေဝါသနာ ရှင်ကြီးများက
ဦးဆောင်၍ အပတ်စဉ် (စနေ)နေ့တိုင်းကျင်းပပေးခြင်းဖြစ်ပါကြောင်း သိရှိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် လူငယ်နှင့်ဇွဲ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏
စာအုပ်မှ အောင်မြင်မှုခရီး အား လည်းကောင်း၊
စိတ်စွမ်းအားဖြင့်စာမေးပွဲထူးချွန်အောင်မြင်ရေး
SSS ခင်မောင်အေး၏စာအုပ်မှ ဆန္ဒပြင်းပြရမယ် အား လည်းကောင်း၊ နေဝင်လျှင်မှောင်မလွှမ်းရအောင်နှင့်အခြားဝတ္ထုတိုဆောင်းပါးများ
မြသန်းရှိန်(ရေစကြို)စာအုပ်မှ ဘကြီးသော်၏
အဘိဓမ္မာ အားလည်းကောင်း၊ တန်ဖိုးရှိလှ လူငယ်ဘဝ
ချစ်နိုင်(စိတ်ပညာ)စာအုပ်မှ ဝရှိမှ ဝိလုပ်နိုင်
မည် ခေါင်းစဉ်အသီးသီးဖြင့်ရေးသားထားသည့် စာများအား စာဖတ်ဝိုင်းပြုလုပ်ပြီး သူ့အမြင်၊
ကိုယ့်အမြင်များဖြင့် စာအုပ်တစ်အုပ်၏အကျိုးကျေးဇူးများကို ဆွေးနွေးကြကြောင်းသိရှိရသည်။
ကိုမျိုး(ယောဧရာ)
0 comments:
Post a Comment