ကံမ ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေး
ခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက လူငယ်ရေးရာကော်မတီ
ဖွဲ့စည်းခြင်းအခမ်းအနားကို ကျင်းပပြု
လုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်းက အဖွင့်အမှာစကား
ပြောကြားပြီးနောက်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်
က လူငယ်ရေးရာလုပ်ငန်းစဉ်များတွင်လူငယ်များနှင့်ပတ်သက်သည့်ဆောင်ရွက်နေမှုများအားရှင်းလင်း
ပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး
လူငယ်ရေးရာကော်မတီဝင် ဦးကျော်စိုးအောင်က လူငယ်ရေးရာ
မူဝါဒကို မိတ်ဆက်ရှင်းလင်းခြင်းနှင့်
တိုင်းအဆင့်လူငယ်ရေးရာကော်မတီအကြောင်းတို့အား
ရှင်းလင်း
ပြောကြားခဲ့သည်။အဆိုပါအခမ်းအနားသို့တက်ရောက်လာကြသည့်လူငယ်
၇၀ ဦး အနက်မှ ကော်မတီ
ဝင် ၁၃ ဦးဖြင့် မြို့နယ်အဆင့်လူငယ်ရေးရာကော်မတီအား အတည်ပြုဖွဲ့စည်းခဲ့ကြကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ပြန်/ဆက်)
0 comments:
Post a Comment