မင်းဘူး ဇွန် ၁၉
ကျေးလက်နေပြည်သူများ
အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်
လေးပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နေ့လယ် (၁) နာရီအချိန်က ဌာနဆိုင်ရာများပူးပေါင်း၍
နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေက အဖွင့်အမှာစကားပြောကြားပြီး
မင်းဘူးခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ယနေ့လူငယ် နောက်ဝယ်လူကြီး ခေါင်းစဉ်ဖြင့်
ဟောပြောခဲ့သည်။ ဆက်လက်၍ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး
ဦးသန်းဌေးက စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် နယ်လှည့်အသိပညာပေး
ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးအရာရှိ
ဒေါ်စုစုထွန်းက စားသုံးသူအကာကွယ်ပေးရေး အချက်အလက်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်
ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန စစ်ဆေးရေးမှူး ဦးအောင်ဇင်ဝင်းက ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ယာဉ်မောင်းလိုင်စင်ထုတ်ပေးမှုနှင့် ပတ်သက်၍
ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းက
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်တတ်သော
သီးနှံပျက်စီးမှု အကြောင်းအရင်းများကို ရှင်းလင်းပြောကြားပြီး ဆည်မြောင်းဦးစီးအရာရှိ
ဦးမြတ်ဇော်သိန်းက ကျေးရွာများတွင် ဆည်ငယ်ကန်ငယ် ဖော်ဆောင်နိုင်ရေးလုပ်ငန်းများ၊ လယ်ယာမြေနှင့်
ပတ်သက်သည့် အကြောင်းအရာများကို အသီးသီးဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များကို
မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင်
မင်းဘူးခရိုင်ပြန်/ဆက်ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ၊
လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး
အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ပြီး တက်ရောက်လာသူများက စိတ်ဝင် တစား ကြည့်ရှုခဲ့ကြောင်း
သိရသည်။
ဓါတ်ပုံ -မျိုးမြတ်(မင်းဘူး)၊သတင်း -ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment