Monday, June 17, 2019

မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာပုံခေါင်းစဉ် ဖြင့် ဟောပြောပွဲ ပြုလုပ်



မင်းဘူး                    ဇွန်                         ၁၅
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ခရိုင်အားကစားခန်းမတွင် ဇွန်လ  ၁၅  ရက် နေ့လယ်    နာရီ အချိန်က မေတ္တာအခါတော်နေ့ ဖြစ်ပေါ်လာပုံ ခေါင်းစဉ်ဖြင့် စာရေးဆရာ မောင်ဒီပ က ဟောပြောပွဲ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

          ရှေ့ဦးစွာ မင်းဘူးခရိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းဌေး က စာရေးဆရာ မောင်ဒီပ ၏ ကိုယ်ရေးအကျဉ်း နှင့် ပက်သက် ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ မောင်ဒီပ က မေတ္တာ အခါတော်နေ့ ဖြစ်ပေါ်လာပုံ အကျဉ်းချုပ် နှင့်ပက်သက်၍ ဟောပြောရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များ၏ နှလုံးသားတွင် မေတ္တာတရား အခြေတည် ကိန်းအောင်းမိစေရန်၊လောကသုံးပါးတွင် မေတ္တာ တရားပြန့်ပွား လာစေရန်နှင့် မေတ္တာအခါတော်နေ့ အခမ်းအနားများ နိုင်ငံအဝှမ်း ကျင်းပလာစေရန် ရည်ရွယ် ချက် ဖြင့် ဟောပြောခဲ့ကြောင်းသိရှိရသည်။
          အဆိုပါ ဟောပြောပွဲ သို့ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူ များ စုစုပေါင်း ၅၀၀ ဦးခန့် တက်ရောက် ခဲ့ကြောင်းသိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment