Sunday, June 2, 2019

ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းကိုနတ်မောက်မြို့နယ်အိုးဘိုကျေးရွာတွင်ကျင်းပ



နတ်မောက်         ဇွန် ၂

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီးကျင်းပသောကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းကျင်းပခြင်းကိုဇွန်၂ရက်နေ့လည်၂နာရီကနတ်မောက်မြို့နယ်အိုးဘိုကျေးရွာပေတောဘုန်းတော်ကြီးကျောင်းတွင်ကျင်းပခဲ့သည်။

ရှေးဦးစွာတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသောင်းရွှေ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမော်တို့ကအဖွင့်အမှာစကားများပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ဥမ္မာခင်ကပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိဦးကြည်မြင့်၊မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဦးစီးအရာရှိဦးထိန်လင်း၊မြို့နယ်လယ်ယာစာရင်းအင်းဦးစီးဌာနဦးစီးအရာရှိဦးမြင့်လွင်၊ဒုမြို့နယ်ပညာရေးမှူးဦးဝင်းဆွေနှင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ကြည်ကြည်ခိုင်တို့မှသက်ဆိုင်ရာဌာနအလိုက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအားအသီးသီးရှင်းလင်းပြောကြားရာဒေသခံပြည်သူများမှသိရှိလိုသည်များကိုမေးမြန်းပြောကြားမှုအပေါ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တကွဌာနဆိုင်ရာတာဝန်ရှိသူများကအသီးသီးဖြေကြားပေးခဲ့ကြကြောင်းသိရသည်။အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်သူ့စကားဝိုင်းတွင်ကျေးလက်ဒေသခံပြည်သူ၇၀ဦးကျော်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
လှဝင်း(နတ်မောက်)

0 comments:

Post a Comment