Sunday, June 2, 2019

စလင်းမြို့စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းဆွေးနွေး



စလင်း၊ မေ ၃၁
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ပူပေါင်း၍ ယမန်နေ့နေလည်က မြို့နယ်ရုံး လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လင်္ကာဒီပ စာအုပ်တိုက်မှထုတ်ဝေသည့် စာရေးဆရာ ချစ်ဦးညိုရေးသားသော “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်အား စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
          ဦးစွာ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဌ ဦးမင်းဆွေက ပြန်/ဆက်ဦးစီးဌာနအနေဖြင့် စာအုပ်စာပေကိုချစ်မြတ်နိုးပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများနှင့် ဆွေးနွေးတိုင်ပင်ပြောဆိုတတ် သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်ကျင်းပပြုလုပ်ပေးခြင်းအတွက် ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြား၍ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ” စာအုပ်တွင် စာရေးဆရာ၏ ဆိုလိုရင်းအဓိပ္ပါယ် ယနေ့မျက်မှောက်ခေတ် ကဏ္ဍနယ်ပယ်အသီးသီးတွင် တိုးတက်လာမှု ဆုတ်ယုတ်လာမှု နှင့် ယိုယွင်းလာသည့် ယဉ်ကျေးမှုကျင့်ဝတ်များကို မိမိအနေဖြင့်ရှု့မြင်သုံးသပ်ခြင်းကို ဆွေးနွေးပါသည်။
          ထိုနောက် စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် စာပေဝါသနာရှင် လူကြီး/လူငယ်များက စာအုပ်တွင်စာရေးဆရာ၏တင်ပြချက်၊ ရွေးချယ်အသုံးပြုသည့်စကားလုံး မိမိတို့ဖတ်ရှု့ရာမှရရှိသည့် အတွေး အမြင်ဗဟုသုတများအား ခေတ်ကာလနှင့်အညီ ယဉ်ကျေးမှုဆိုင်ရာအကြောင်းအရာများကို လူကြီးလူငယ် များ၏ ရှု့ထောင့်အမျိုးမျိုးမှအတွေးအမြင်များအား အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်ရုံးဝန်ထမ်း များ စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့သည်။
စိုးမိုးသူ(စလင်း)

0 comments:

Post a Comment