မင်းဘူး မေ ၃၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရေး နေ့ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ အချိန်က မင်းဘူးမြို့အမှတ်(၂) အခြေခံပညာအထက်ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ
အထက(၂)ကျောင်းသားကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦးကျော်စွမ်းရည်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍ မင်းဘူး(စကု)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံမှ ကျောင်းအပ်နှံရေးနှင့်အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး
မင်းဘူးခရိုင် ခရိုင်ပညာရေးမှူးဒေါ်စမ်းစမ်းအေးက ကျောင်းအပ်နှံရေးဆိုင်ရာ အချက်အလက် များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်
ပညာရေးဝန်ကြီးဌာနမှ
အခမဲ့ဖြန့်ဝေသောပုံနှိပ်စာအုပ်များကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၂)ဦးကျော်ငွေမှ မြို့နယ်ပညာရေးမှူး ဦးကြည်လွင်ထံပေးအပ်ခဲ့ပြီး မင်းဘူးမြို့နယ်မိခင် နှင့် ကလေးစောင့်ရှောက်အဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နန်းရွှေနွယ်က အလှူငွေ (၃)သောင်း ကျပ်အား ဒုမြို့နယ်ပညာရေးမှူး ဦးထွန်းဝေထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယင်းနောက် အထက(၁) ကျောင်းသူကျောင်းသားလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မူလတန်း၊အလယ်တန်း၊အထက်တန်း အဆင့်စုစုပေါင်း စာသင်ကျောင်း (၁၄၈) ကျောင်းတို့မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီ စို့ ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၅)ရက်မှ(၃၁)ရက်ထိ သတ်မှတ်ထားကြောင်း မြို့နယ် ပညာရေးရေးမှူးရုံးမှ သိရသည်။
အဆိုပါ
ကျောင်းအပ်ခြင်းနှင့်
ပတ်သက်၍ ငွေကြေးကောက်ခံခြင်းနှင့် အလှူခံခြင်းများ ဆောက်ရွက် သွားမည်
မဟုတ်ကြောင်း
သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment