This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 29, 2019

မင်းဘူး(စကု) မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ဆွေးနွေးပွဲကျင်းပ



မင်းဘူး                ဇွန်             ၂၆
          ကျေးလက်နေပြည်သူများ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို အများပြည်သူ ကြားတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး  ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာ စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၊သနပ်ပင်စုကျေးရွာတွင် ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

          အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးက ကျေးလက်ဒေသဖွံ့ဖြိုး ရေးပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေက ကျေးရွာသူ/သားများအနေဖြင့် မိမိတို့ကျေးရွာတွင် အမှန်တကယ်လိုအပ်ချက်များ၊ အခက်အခဲများကို ဆွေးနွေးသွားကြရန်နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးချက် များကို ပူးပေါင်းဆွေးနွေးသွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။

          အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ ခရိုင်လက်ထောက်ပညာရေးမှူး ဒေါ်အေးအေးစန်း၊ ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ဇော်သိန်း၊ ခရိုင်စားသုံးသူရေးရာဦးစီးအရာရှိ ဒေါ်စုစုထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမြင့်ဇော်၊ ကျေးလက်လမ်းဦးစီးအရာရှိ ဒေါ်ရီအေးခိုင်၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စစ်ဆေး ရေးမှူး ဦးအောင်ဇင်ဝင်း၊ မြို့နယ်တိမွေးကုဦးစီးဌာန ဒေါက်တာဆောင်းဝေဦး၊ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက် မီးသတ်ဦးစီးမှူး ဦးမျိုးစန်းတို့မှ တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ပညာရေးနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဆိုင်ရာသိကောင်းစရာများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု ဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေဆိုင်ရာများ၊ ကျေးလက်လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ တိရိစ္တာန်ကာကွယ်ဆေး ထိုးနှံခြင်း ဆိုင်ရာများကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသည့် ကျေးရွာသူ/သားများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက အသီးသီးပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
          အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငွေ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အဆိုပါ ကျေးရွာနှင့် နီးစပ်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ အသီးသီးတက်ရောက်ကြကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)

မိုးတွင်းကာလများတွင်အဖြစ်များ သည့်သွေးလွန်တုတ်ကွေးရောဂါကာကွယ်ခြင်းလုပ်ငန်းများဆောင်ရွက်

   မြို့သစ် ၊ ဇွန်လ ( ၂၈ )  
      မကွေးခရိုင်၊မြို့သစ်မြို့နယ်မြို့နယ်
ကျန်းမာရေဦးစီးဌာနကမိုးရာသီတွင်ဖြစ်ပွါးတတ်သောသွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက်အဘိတ်ဆေးခတ်ခြင်းကိုဆောင်ရွက်လျှက်ရှိရာယနေ့နံနက်ပိုင်းကဘုရားကြီးရပ်ကွက်ရှိလူနေအိမ်များရှိရေတွင်းရေကန်များ၊ရေသိုလှောင်ကန်များအတွင်းအဘိတ်ဆေးများခတ်ပေးခဲ့
သည်။
    ထိုသို့အဘိတ်ဆေးများခတ်ပေးခြင်းလုပ်ငန်း
များအားမြို့သစ်မြို့နယ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမြို့နယ်ကျန်းမာရေးမှူးအဆင့်(၁)ဒေါ်ခင်နှင်းဝေ၊မြို့နယ်ကျန်းမာရေးကြီးကြပ်ရေးမှူးများမိခင်နှင့်ကလေးစောင့်ရှောက်ရေးသားဖွားဆရာမများကမြို့ပေါ်လူနေအိမ်များရှိပိုးလောက်လန်းများခိုအောင်းနိုင်သည့်နေရာများပါမကျန်ဖုံး၊သွန်၊လဲ၊စစ်ပြုလုပ်ခြင်းများကိုသရုပ်ပြကာရေတွင်း၊ရေကန်၊ရေစည်၊အုတ်ကန်များအတွင်းပိုးလောက်လန်းများမရှိစေရေးအဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည် ။
--------------------
 သန်းဝင်းထွန်း (ပြန်/ဆက်)

ရာသီတုပ်ကွေးနှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအသိပညာပေးဟောပြောပွဲနတ်မောက်မြို့၌ကျင်းပ


 
နတ်မောက် ဇွန် ၂၉
မကွေးတိုင်းဒေသကြီးတွင်ရာသီတုပ်ကွေးနှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအသိ
ပညာပေးဟောပြောပွဲနတ်မောက်မြို့၌ကျင်းပခြင်းကိုဇွန်၂၉ရက်နံနက်၉နာရီခွဲအချိန်ကအမှတ်(၁)အခြေခံ
ပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမော်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး
မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဝင်းစည်သူကရာသီတုပ်ကွေး
အကြောင်းအသိပညာပေးခြင်းနှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအကြောင်း
အသိပေးဟောပြောခဲ့သည်။ထို့နောက်အခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ
အကြီးအကဲများ၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ကျောင်းဆရာ/မများ၊မိခင်နှင့်
ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ
အင်အား(၃၀၀)ကျော်တက်ရောက်ခဲ့ကြကြောင်းသိရသည်။လှဝင်း(နတ်မောက်)

Thursday, June 27, 2019

မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၆ ၊ ၂၀၁၉ ၊ ဇူလိုင်လ (၁-၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၁၉၊ ဇွန်လ (၂၉)ရက်နေ့ မှာ ကြိုတင်ဖြန့်ချိပါမည်။


မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၆ ၊ ၂၀၁၉ ၊ ဇူလိုင်လ (၁-၁၅)ရက်ထွက် ဂျာနယ်ကို
၂၀၁၉၊ ဇွန်လ (၂၉)ရက်နေ့ မှာ ကြိုတင်ဖြန့်ချိပါမည်။


မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။


အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ် (စာတိုက်ပို့ရန်) အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ် မကွေးမြို့။


Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : uwin kyi / Myaylatt daily
Pages : Myaylatt daily / မြေလတ်ဂျာနယ်

မြေလတ်ဂျာနယ် အယ်ဒီအဖွဲ့ရုံး (ပြည်တော်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံအနီး)
ဆိုင်အမှတ် ၇၊ ထီအရောင်းဆိုင်တန်း၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀- ၆၉၁၁၂၉၁၁၁- 063-2025197

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာ့ရိုးရာဆံပင်ထုံးဖွဲ့မှုစရစ်ဝိုင်းထားရှိသည့် ရေပုတ်ကြီးကျေးရွာဒေသခံ ပြည်သူများတွေ့ဆုံပွဲပြုလုပ်



 မင်းဘူး
ဇွန်လ(၂၇)ရက် နံနက်(၁၀)နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်အတွင်းရှိ မြန်မာ့ရိုးရာဆံပင် ထုံးဖွဲ့မှုစရစ်ဝိုင်းထားရှိသည့် ရေပုတ်ကြီးကျေးရွာဒေသခံပြည်သူများနှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရေပုတ်ကြီးကျေးရွာတွင်တွေ့ဆုံပွဲပြုလုပ် ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က
ရေပုတ် ကြီးကျေးတွင် ကျောင်းနေအရွယ်ကလေးများမှာ (၄)တန်အထိသာ နေသူများသဖြင့် ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ကြားကြရန်နှင့် မိဘများမှလည်း ကလေးများကို ပညာရေမြှင့်တင်ပေးရန်မှာကြားခြင်း ထို့ပြင် ကျန်းမာရေး စိုက်ပျိုးရေး စီးပွားရေး နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှပြန် လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဒေသခံပြည်သူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း ရွှေညာမြေဓာတ်ပုံပြခန်းသို့ လှည့်လည်ကြည့်ရူ့ခဲ့ပြီး ရေပုတ်ကြီးကျေးရွာရွာဦး ဘုန်းကြီးကျောင်းသို့သွားရောက်ဖူးမျော်ခဲ့သည်။
အဆိုပါရေပုတ်ကြီးကျေးရွာမှာ လယ်ယာမြေများရှိသောလည်း မိုးလေဝသရာသီဥတုမကောင်းခြင်းကြောင်း ဆည်ရေရရှိသည့်ကျေးရွာများသို့ လယ်ယာများသွားရောက်လုပ်ကိုင်ရသဖြင့် ဆည်ရေရရှိနိုင်ရေးနှင့် ကျေးရွာအတွင် လျှပ်စစ်မီးမရှိသဖြင့် လျှပ်စစ်မီးရရှိနိုင်ရေးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံကျေးရွာသူ ကျေးရွာသားများက တင်ပြ တောင်းဆိုခဲ့ကြသည်။ "ကျွန်မတို့ရွာက အရင်တုန်းက လမ်းပန်းဆက်သွယ်ရေးမကောင်းခဲ့တဲ့အတွက် ဌာနဆိုင်ရာအကြီးအကဲဆိုလို့ မြို့နယ်မှူးလောက်သာရောက်ဖူးတာပါ အခုလိုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူတွေကချစ်မြတ်နိုးတဲ့ အမေစုလာမယ်ဆိုတော့ အတိုင်းမသိဝမ်းသာပါတယ် ဟုရေပုတ်ကြီးကျေးရွာ စရစ်ဝိုင်းထားရှိသည့် အမျိုးသမီး မပြုံးပြုံးရီကပြောသည်။ ရေပုတ်ကြီးကျေးရွာတွင် စရစ်ဝိုင်းထားရှိသည့် မိန်းကလေး ယောက်ျားလေး(၆၀၀)ဦးကျော်ရှိကြောင်းသိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး မင်းဘူး စလင်း ပွင့်ဖြူ နတ်မောက် စသည့် မြို့နယ်များမှပြည်သူများ ရေပုတ်ကြီးကျေးရွာအနီတစ်ဝှိုက်ရှိပြည်သူများတက်ရောက်ခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ရိုးရာဆံပင်ထုံးဖွဲ့မှုစရစ်ဝိုင်းထားရှိသည့် ရေပုတ်ကြီးကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတွင် တင်ပြစာပေါင်း(၂၈)စောင်ပြည်သူများကတင်ပြခဲ့ ကြောင်းသိရသည်။ (၂၇)ရက်နေ့ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် မကွေးမြို့ မြသလွန်ဘုရား ကြီးကိုဝင်ရောက်ဖူးမြော်ခဲ့ကြောင်း သတင်းရရှိသည်။
ဇာမဏီ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲတက်ရောက်



မင်းဘူး   ဇွန် ၂၇
 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၂၇ ရက်၊ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့နယ်၊ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံဖွင့်ပွဲအား တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဖွင့်အမှာစကား ပြောကြားပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က အမှာစကားပြောကြားသည်။ ထို့နောက် မင်ဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးမှတ်တမ်း ဗီဒီယိုပြသခဲ့ပြီး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 ယင်းနောက် မင်းဘူးနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ဖွင့်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ငွေ၊ Green Earth Power, GEP(Myanmar)Co.,Ltd. မန်းနေးဂျင်းဒါရိုက်တာ ဦးအောင်သီဟ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 ဆက်လက်၍ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းပေးပြီး၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဧရိယာအား ရှုရပ်မှ ကြည့်ရှု ခဲ့ကြသည်။
 အဆိုပါ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည်  မင်းဘူမြို့မှ (၁၆.၃)မိုင်ခန့် အကွာတွင်  တည်ရှိပြီး၊ GEP (Myanmar) Co., Ltd.မှ B.O.Tစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။  ယင်း ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး၊ ပထမ အဆင့်မှ တတိယအဆင့်ထိ (၄၀)မဂ္ဂါဝပ်စီနှင့် စတုတ္ထအဆင့်တွင် (၅၀)မဂ္ဂါဝပ် ထုတ်လွှတ်မည်ဖြစ်ရာ စုစုပေါင်း (၁၇၀)မဂ္ဂါဝပ် ထုတ်လွှတ်နိုင်မည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
   မျိုးမြတ်(မင်းဘူး)