မင်းဘူး မေ ၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊
မြန်မာ့ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေနှင့် MPRL E&P Pte. Ltd. တိှု့လုပ်ငန်းများ
ပူးပေါင်းဆောက်ရွက်နေသည့် လူမှုတာဝန်သိမှု(CSR)လုပ်ငန်းများ
နှင့်ပတ်သက်၍ (၃)လ တစ်ကြိမ် ရှင်းလင်းပွဲကို မေလ(၂) ရက်နေ့ နံနက်(၉)နာရီ အချိန်က မကွေးတိုင်းဒေသကြီး၊
မင်းဘူးမြို့၊ မန်းရေနံမြေစုပေါင်းရုံး အစည်းအဝေးခန်းမ ကျင်းပခဲ့ကြောင်းသိရသည်။
အစည်းအဝေးတွင် မန်းရေနံမြေမှ အထွေထွေမန်နေဂျာဦးရဲနိုင်က
အဖွင့်အမှာစကားပြောကြားပြီး၊ MPRL E&P Pte. Ltd မှ Community Investment Team
Leader CI TL ဦးဆိုင်မွန်က ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေး နှစ်၊ ၂၀၁၉ ခုနှစ်
ဇန်နဝါရီ ၊ ဖေဖော်ဝါရီ ၊ မတ်လများအတွင်း ရေနံမြေနှင့် ထိစပ်ကျေးရွာများ MPRL
E&P Pte. Ltd မှ ဆောင်ရွက်ခဲ့သည့် CSR လုပ်ငန်းများနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍားရေးနှစ်တွင်
ဆောင်ရွက်ရန်လျာ ထားသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြ ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊
ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့်
မန်းရေနံမြေ မှ တာဝန်ရှိသူများက MPRL
E&P Pte. Ltd မှ Monitoring & Evaluation Officer ဦးစောအယ်စာဘလုထူးအား သိရှိလိုသည့်လုပ်ငန်းများနှင့်
ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ
ရှင်းလင်းပွဲသို့ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ ခရိုင်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး
ဦးကျော်ဇေယျ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးသိန်းဇော်ကံ ဌာနဆိုင်ရာအကြီးအကဲများနှင့် မန်းရေနံမြေမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း
သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)
0 comments:
Post a Comment