Friday, May 17, 2019

ရွှေမိတ်သစ် ( ချောက်-မကွေး ) ခရီးသည်ယာဉ် နှစ် စီးတိုက်မှုတွင် ခရီးသည်အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးသေဆုံး (ကနဦးသတင်း)

 
ရေနံချောင်း ၊ မေ ၁၇

မကွေးတိုင်းဒေသကြီး-ဒေါင်း နေတံတါးအလွန်-မြေပြာကန်ကျေးရွာလမ်းခွဲအနီး၊ ကန်ပြား-ရေနံချောင်း လမ်းပေါ်တွင်၊ မေလ ၁၇ ရက်နေ့မွန်းလွဲပိုင်း ၁ နာရီခွဲ အချိန်ခန့်က-ချောက်-မကွေး ပြေးဆွဲနေသည့် ရွှေ မိတ်သစ် ခရီးသည်ယာဉ် နှစ် စီးတို့ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ရာ-အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ကြောင်းကနဦးသတင်းသိရသည်။



ဖြစ်စဉ်မှာ-မကွေး မှ-ရေနံ ချောင်းသို့မောင်းနှင်လာခဲ့သည့်-ယာဉ်အမှတ်- MGY- 5D / 5964 ( ယာဉ်မောင်းအမည်စီစစ်ဆဲ ) ရွှေမိတ်သစ် ခရီးသည်ယာဉ် နှင့် ရေနံချောင်းမြို့မှ မကွေး သို့ ယာဉ်မောင်း-ကိုဒီခန့် (19 နှစ် )အေးစေတီရပ်-ချောက်မြို့တွင်နေထိုင်သူ မောင်းနှင်လာသည့်-ယာဉ် အမှတ်- MGY- 1C / 3206 -ခရီးသည်တင် ရွှေ မိတ်သစ်မော်တော်ယာဉ် နှစ် စီးယာဉ်တိုက်မှုဖြစ်ပွါးခဲ့ ကြောင်း
-ရေနံချောင်းမြို့နယ် ညောင်လှနယ်မြေရဲစခန်းမှသိရသည်။ အဆိုပါယာဉ်တိုက်မှုဖြစ်စဉ် ကြောင့်-မကွေးဘက်မှမောင်း နှင်လာသည့်မော်တော် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အမျိုးသားတစ်ဦး နှင့် ရေနံချောင်းဘက်မှလိုက်ပါလာသူခရီးသည် အမျိုးသမီး တစ်ဦးတို့နေရာတွင်သေဆုံးခဲ့ရပြီး၊ ခရီးသည် ၁၅ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။ အဆိုပါယာဉ်တိုက်မှုဖြစ်စဉ် နှင့်ပတ်သက်၍ ရေနံချောင်း မြို့နယ်ညောင်လှနယ်မြေရဲ စခန်းတွင်အမှုဖွင့်စစ် ဆေးမှုများလုပ်ဆောင်နေသည်သိရသည်။ ထိခိုက်ဒဏ်ရာရရှိသူ လူနာများကို-မကွေးမြို့မှ လူနာတင်ယာဉ် ၃ စီး-ရေနံ ချောင်းမြို့မှလူနာတင်ယာဉ် ၂ စီးတို့ဖြင့် မကွေးပြည်သူ့ ဆေးရုံကြီးသို့အရေးပေါ်ပို့ ဆောင်ကူညီပေးကြောင်း ညောင်လှနယ်မြေရဲစခန်းမှ သိရသည်                             ။ဆင်ပေါင်ဝဲ-စိုးဌေး

0 comments:

Post a Comment