စလင်း မေ ၂၄
ကျေးလက်နေတောင်သူများ၏ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းအဆင့်မြှင့်လာပြီး
မျိုးရိုးဗီဇကောင်း မွန်စွာမွေးမြူနိုင်ရန်နှင့် လိုအပ်သောဆေးဝါးများစနစ်တကျသုံးစွဲတတ်စေရန်ရည်ရွယ်၍
တိရိစ္ဆာန်ကာကွယ် ဆေးထိုးသင်တန်းကို မင်းဘူးခရိုင်၊ စလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး
အစည်းအဝေးခန်းမ တွင် မေလ ၂၃ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်ကကျင်းပသည်။
သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊
ဦးစီးအရာရှိ ဒေါက်တာ အောင်သူရနှင့် သင်တန်းနည်းပြဆရာများက
တိရိစ္ဆာန်များတွင်ဖြစ်ပေါ်တတ်သော ကူးစစ်ရောဂါများအကြောင်း တိရိစ္ဆာန် အမျိုးအစားအလိုက်
ကာကွယ်ဆေးအသုံးပြုပုံနှင့် ဆေးအာနိသင်သုံးစွဲရမည့်ပမာဏများကို အသေးစိတ် စာတွေ့လက်တွေ့သင်ကြားပို့ချပြီး
ယနေ့ မေလ ၂၄ တွင် စလင်းမြို့နယ် ကြို့ဝန်းကျေးရွာအုပ်စုအတွင်းရှိ ကြို့ဝန်း၊ ဘီးစပ်၊
ဦးရစ်ကျေးရွာများသို့သွားရောက်၍ ကျွဲ အကောင် (၄၀)၊ နွား အကောင် (၃၀၀)အား ပေါင်ပုတ်
လက်ပုတ် ရောဂါကာကွယ်ဆေးထိုးခြင်းကို လက်တွေ့သင်ကြားထိုးနှံစေခဲ့သည်။
အဆိုပါသင်တန်းတွင် စလင်းမြို့နယ်အတွင်းရှိကျေးရွာများမှ
တောင်သူ ၂၀ ဦး တက်ရောက်လျှက် ရှိပြီး သင်တန်းကာလမှာ မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
စိုးမိုးသူ (စလင်း)
0 comments:
Post a Comment