Wednesday, May 8, 2019

သားအမိအရင်းကို လင်မယားဟု ပေးစားသည့်ပထွေးအား သံပိုက်လုံးဖြင့်အရိုက်ခံရ၍ သေဆုံး





မြို့သစ်         မေလ( ၈ )
 
  မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ဆင်ဖြူချီ
ကျေးရွာအုပ်စု၊ဖိုကုန်းကျေးရွာတွင်ယမန်နေ့ည(၂၂း၀၀)နာရီခန့်ကတစ်အိမ်တည်းအတူနေပထွေးဖြစ်သူအားသံပိုက်လုံဖြင့်ရိုက်သတ်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။
 ဖြစ်စဉ်မှာ ဖိုကုန်းကျေးရွာ ရာအိမ်မူးဦးအောင်ပေါ နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းအတူနေ ကျော်သိန်းဇံ ရောက်လာပြီး တိုင်ကြားသည်။ တင်စိုးဝင်းက သူ၏ပထွေးဖြစ်သူ ဦးအောင်မြိုင်ကိုးသံတုတ်ဖြင့်ရိုက်သဖြင့် မြေကြီးပေါ်တွက်လဲနေကြောင်း လာရောက်ပြောပြသဖြင့် သွားရောက်စုံစမ်းကြသည်။ တင်စိုးဝင်းနေအိမ်တွင်ရှိနေစဉ် ၄င်း၏ပထွေးဖြစ်သူ ဦးအောင်မြိုင်မှာအရက်သောက်စားမူးယစ်ပြီးပြန်ရောက်လာကာ တင်စိုးဝင်းနှင့်မိခင်ဖြစ်သူ ဒေါ်အေးမြင့်တို့အား သားအမိအရင်းချင်းကို လင်မယားဟု ပေးစားပြောဆိုနေသဖြင့် စိတ်တိုဒေါသဖြစ်ပြီး တင်စိုးဝင်းက ပထွေးဖြစသူ ဦးအောင်မြိုင်အား အရှည်(၄)လက္မခန့်အချင်း(၂)လက္မခန့်ရှိသံပိုက်လုံးတုတ်ဖြင့် တစ်ချက်ရိုက်ခဲ့၍ နေအိမ်ခြံဝန်းအတွင်းရှိ ခုံတန်းလျှားအောက်မြေကြီးပေါ်တွင်သေဆုံးနေသည်ကိုတွေ့ရသည်။ သေဆုံးသူဦးအောင်မြိုင်၏အလောင်းအားရဲဆေးစာဖြင့်မြို့သစ်ဆေးရုံသို့ပို့အပ်ခဲ့ကြောင်းသိရသည်။
   ဖြစ်စဉ်နှင့်ပတ်၍ဦးအောင်မြိုင်အားသံပိုက်လုံး
တုတ်ဖြင့် အသက်သေဆုံးအောင်ရိုက်နှက် ခဲ့သူ တင်စိုးဝင်းအား ဥပဒေအရ အရေးယူပေးပါရန်ကျေးရွာရာအိမ်မှူးဦးအောင်ပေါ က တရားလိုပြုလုပ် တိုင်တန်းသဖြင့် မြို့သစ်မြို့မရဲစခန်းမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
 
သန်းဝင်းထွန်း ( မြို့သစ် )

0 comments:

Post a Comment