ပေါက် မေ ၆
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာအုပ်စု|သုံးမွှာ
တာချောင်းကျေးရွာကျေး
လက်နေပြည်သူ ၃၆၄ ဦး|အိမ် ခြေ ၄၆ အိမ်နှင့်အိမ်မွေးတိ ရိစ္ဆာန်များနှစ်စဉ်သောက်သုံး
ရေရှားပါးပြတ်လပ်မှုများကြုံ တွေ့နေရသဖြင့်ပေါက်မြို့ နယ်ရေခါးကျေးရွာအရန်မီး သတ်တပ်ဖွဲ့ဝင်များနှင့်ယူနီဖိုင်
း(စိတ်တူကိုယ်တူဖွဲ့စည်းထားသော
လူငယ်များအဖွဲ့)တို့ပူး
ပေါင်း၍မေ ၆ ရက်နံနက်ပိုင်း ကရေဂါလံ၂၄၀၀ဆံ့ရေ ဘောက်ဆာ ၃ စီးနှင့်ရေ ၅ဂါလံဆံ့ ပလပ်စတစ်ပုံးဝါ
၄၄ပုံးစုစုပေါင်းရေဂါလံ(၇၄၂၀)ကိုကျေးရွာအရောက်သွား ရောက်လှူဒါန်းခဲ့ကြသည်
အဆိုပါကျေးရွာနေပြည်သူ များသည်သောက်သုံးရေအ တွက်ကျေးရွာကိုယ့်အားကိုယ် ကိုးမြေသားရေလှောင်ကန်ကို
အမှီပြုခတ်ယူသုံးစွဲခဲ့ကြရာယ ခုအခါအပူရှိန်ပြင်းလာသည်နှင့်အမျှရေအနည်းငယ်သာ ကျန်ရှိ၍ကျန်းမာရေးအရ
သောက်သုံးရန်မသင့်သော ကြောင့် ၂ မိုင်ခန့်ဝေးကွာ သည့်ကိုင်းလယ်ကျေးရွာသို့ သွားရောက်ခတ်ယူသုံးစွဲနေရ
ကြောင်း သိရသည်။
ယခုလှူဒါန်းပေးသော ယူနီ ဖိုင်း(စိတ်တူကိုယ်တူဖွဲ့စည်းထားသောလူငယ်များအဖွဲ့)က
ပြီးခဲ့သောဧပြီလထဲကပေါက် မြို့နယ်အတွင်းရှိသောက်သုံး ရေရှားပါးပြတ်လပ်နေသော ချောင်းဆုံအထက်စု|စန်းပုန်း
ချောင်|ပန်းစိမ်းတောင်|ထန်း ပင်ချောင်းအစရှိသည့်ကျေး ရွာများသို့သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ပြီးဖြစ်
ကြောင်းယူနီဖိုင်းအဖွဲ့မှလူငယ် ဒေါ်လွင်လွင်မြင့်ကပြောသည်။
် ဉာဏ်တိုး (ပေါက်)
0 comments:
Post a Comment