ငြိမ်းသူ(စလင်း)
တမူး မေ ၁၆
==============
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးခရိုင် ၊ တမူး မြို့နယ် အင်ဒိုင်းကျေးရွာအုပ်စု၊ ရန်ငြိမ်းအောင်ကျေးရွာတွင် နွေကာလ အပူရှိန်မြင့်တက်နေ၍ ရေတွင်း များရေခမ်းခြောက်လာကာ သောက်သုံးရေရှားပါးပြတ်လပ် နေ၍ ယနေ့နံနက်ပိုင်းက သောက်သုံးရေ ဂါလန် ၂၄၀၀ ဖြန့်ဝေပေးခဲ့ကြောင်း တမူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ် နွယ်နွယ်ထွန်း ကပြောပြ၍ သိရသည်။
ရန်ငြိမ်းအောင် ကျေးရွာတွင် ယနေ့နံနက် ၇နာရီက အိမ်ခြေ ၆၃ အိမ် လူဦးရေ ၂၉၄ ဦးတို့ အား ရေဂါလန် ၂၄၀၀ ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန နှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်းကာ
မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်နှစ်စီးဖြင့်
ကျေးရွာအရောက် သောက်သုံးရေများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရန်ငြိမ်းအောင် ကျေးရွာတွင် ရေတွင်း ၁၇တွင်းရှိသော်လည်း နေ့စဉ်အပူချိန်မြင့်တက်ေ န၍ ရေတွင်းများရေခမ်းခြောက် လာကာ သောက်သုံးရေရှားပါးပြတ်လပ် နေကြောင်း သတင်းရရှိသဖြင့် ယခုလို သောက်သုံးရေများလာရောက်လှူ ဒါန်းရခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း ကပြောပြသည်။
အဆိုပါကျေးရွာတွင် ထပ်မံ၍ရေရှားပါး ပြတ်လပ်မှုများ မရှိစေရေးအတွက် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာနှစ်တွင် လေးလက်မ အဝီစိ စက်ရေတွင်း တစ်တွင်းအား ကျေးလက်ဒေဖွံ့ဖြိုးတိုးတက် ရေးဦးစီး ဌာနမှ ရန်ပုံငွေများဖြင့် တူးဖော်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း နှင့် တမူးမြို့နယ်အတွင်းရှိ ကျေးရွာများ သောက်သုံးရေရှားပါးပြတ်လပ် ပါက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီဌာနသို့ တင်ပြအကူအညီတောင်းခံ နိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း ကပြောပြခဲ့ သည်။
Source - ငြိမ်းသူ(စလင်း)
တမူး မေ ၁၆
==============
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးခရိုင် ၊ တမူး မြို့နယ် အင်ဒိုင်းကျေးရွာအုပ်စု၊ ရန်ငြိမ်းအောင်ကျေးရွာတွင်
ရန်ငြိမ်းအောင် ကျေးရွာတွင် ယနေ့နံနက် ၇နာရီက အိမ်ခြေ ၆၃ အိမ် လူဦးရေ ၂၉၄ ဦးတို့ အား ရေဂါလန် ၂၄၀၀ ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြို
ဆက်လက်၍ ရန်ငြိမ်းအောင် ကျေးရွာတွင် ရေတွင်း ၁၇တွင်းရှိသော်လည်း နေ့စဉ်အပူချိန်မြင့်တက်ေ
အဆိုပါကျေးရွာတွင် ထပ်မံ၍ရေရှားပါး ပြတ်လပ်မှုများ မရှိစေရေးအတွက် ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာနှစ်တွင် လေးလက်မ အဝီစိ စက်ရေတွင်း တစ်တွင်းအား ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်
Source - ငြိမ်းသူ(စလင်း)
0 comments:
Post a Comment