Monday, May 6, 2019

ဓမ္မစကူးလ်အပတ်စဉ်ဗုဒ္ဓဘာသာသင်တန်းကျောင်း သင်တန်းပြီးမြောက်ကြောင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ



မင်းဘူး                မေ            
ဓမ္မစကူးလ်အပတ်စဉ် ဗုဒ္ဓဘာသာသင်တန်း ၂၀၁၈-၂၀၁၉ ပညာသင်နှစ် သင်တန်းပြီး မြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို မေလ (၅) ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကျွဲကျခြင်ထောင်ကျေးရွာ၊ ရွှေတွင်းကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ် ညီညာစွာ ရွတ်ဆိုဘုရားရှိခိုးဖွင့်လှစ်ပြီး၊ မင်းဘူး(စကု)မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မင်းဘူးစကုမြို့နယ် ဓမ္မစကူးလ်ကော်မတီအဖွဲ့ သြဝါဒါစရိယ တိုက်သစ်ဆရာတော် ဘဒ္ဒန္တဉာဏိကမှအဖွင့် သြဝါဒကထာ မိန့်ကြာျးီးမြှင့်ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ထို့နောက် ဆရာတော်များမှ သင်တန်းသူ၊ သူများအား သင်တန်းရက်မှန်ဆုများ ပေးအပ်ခြင်း၊ ဓမ္မစကူးလ်ကျောင်း ရေရှည်တည်တံခိုင်မြဲစေရန် ကြိုးစားလုပ်ဆောင်သူများကို စွမ်းဆောင်ရည်ဆုများ ပေးအပ်ခြင်း၊ စာရိတ္တဆုများပေးအပ်ချီးမြှင့်ခြင်း၊ ဓမ္မစကူးလ် သားငယ် သမီးငယ်များအား သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း၊ မကွေးတိုင်းလုံးဆိုင်ရာ ဓမ္မစကူးလ်ကော်မတီအဖွဲ့သြဝါဒါစရိယ ရွှေတွင်းကျောင်းဆရာတော် ဘဒ္ဒန္တသာသနမထေရ်မြတ် မှ သြဝါဒနှင့် ရေစက်ချချီးမြှင့်ခြင်း များကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ညီညာစွာ ရွတ်ဆိုအဓိဋ္ဌာန် ရုပ်သိမ်းခဲ့ကြပါသည်။
ဆက်လက်၍ ဓမ္မစကူးလ် သားငယ် သမီးငယ်များက ဓမ္မစကူးလ်တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေကာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်အရှင်မြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိတ် သတ်တို့အား ထမင်း အာဟာရ များဖြင့်ကျွေးမွေးဧည့်ခံလှူဒါန်းကြပါသည်။
အဆိုပါအခမ်းအနားသို့ မင်းဘူး(စကု)မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မင်းဘူး(စကု)မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကော်မတီအဖွဲ့သြဝါဒါစရိယ၊ မဟာဝိသုတာရာတိုက်သစ်ဆရာတော် အမှူးပြုသော ဆရာတော်များ၊ မင်းဘူး(စကု)မြို့နယ်၊ ဓမ္မစကူးလ်ကော်မတီအဖွဲ့များတက်ရောက်အားပေးခဲ့ကြပါသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment