Thursday, May 23, 2019

အသက်(၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်



မင်းဘူး     မေ                ၂၂
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌ ဖလား အသက်(၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရရှိသူများကို မင်းဘူးခရိုင် အားကစားခန်းမတွင် မေလ(၂၁) ရက်နေ့ ညနေ(၅) နာရီအချိန်က ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
          အသက်(၂၅) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို မေလ(၂၀) ရက်နေ့မှ စတင်ကျင်းပခဲ့ရာ  မြို့ပေါ်ရပ်ကွက်၊ မန်းဘားတိုက်၊ မန်းအိမ်ယာတို့မှ အသင်း(၈) သင်းပါဝင်ယှဉ်ပြိုင်ကြရာ ပထမဆုရရှိသော မန်းဘားတိုက်အား ဆုငွေ (၇၀၀၀၀) ကျပ်၊ ဒုတိယဆုရရှိသော မန်းအိမ်ယာအသင်းအား ဆုငွေ(၅၀၀၀၀)ကျပ်နှင့် တတိယဆုရရှိသော ဒိုင်းမွန်းအသင်းအား ဆုငွေ(၃၀၀၀၀)ကျပ်တို့အား တာဝန်ရှိသူများက  အသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment