Friday, May 17, 2019

မင်းဘူးမြို့နယ် ​ကျေးရွာငါးရွာ၌ စွန့်​ပစ်​အမှိုက်​စီမံခန့်​ခွဲ မှုစနစ်​ စတင်​အ​ကောင်​အထည်​​ဖော်




မင်းဘူး  ​မေ  ၁၇
==============
မ​ကွေးတိုင်း​ဒေသကြီး၊မင်းဘူးခရိုင်​၊မင်းဘူး မြို့နယ်​ အတွင်းရှိ​ ​ချောင်း​ကောက်​၊ ​ရေမျက်​၊ ထုံးမကြီး၊ ပိုက်​သင်​၊ ဇီးအိုင်​ ကျေးရွာ ငါးရွာတွင်​ စွန့်​ပစ်​အမှိုက်​စီမံခန့်​ခွဲမှု စနစ်​အား စတင်​အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​လျက်​ရှိ​ကြောင်းမင်းဘူးမြို့နယ်​ကျေးလက်​​ ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနမှ သိရ သည်​။


ကျေးလက်​​နေပြည်​သူများ ပလပ်​စတစ်​သုံးစွဲမှုကို​လျော့ချပြီး ပြန်​လည်​အသုံးပြု နိုင်​သည့်​ပစ္စည်းများကိုပြန်​လည်​သုံးစွဲ​စေတတ်​သည့်​ အ​လေ့အကျင့်​​ကောင်းများရရှိ​စေရန်​၊ အမှိုက်​များအား ခွဲခြားစွန့်​ပစ်​တတ်​​စေရန်​၊ မြစ်​ ​ချောင်းများအတွင်းသို့ စည်းကမ်းမဲ့ အမှိုက်​စွန့်​ပစ်​ခြင်းများ​ရှောင်​ကြဉ်​ရန်​၊ လူ​နေမှုအဆင့်​အတန်းမြင့်​မားလာ​စေရန်​ နှင့်​ ​နွေရာသီကာလမီး​ဘေးအန္တရာယ်​ကင်းရှင်း ​စေရန်​ ရည်​ရွယ်​လုပ်​​ဆောင်​​နေသည်​ဟု မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန မြို့နယ်​ဦးစီးမှူး ဦး​​အောင်​ဘုန်းလင်း က​ပြောပြ၍ သိရသည်​။


ဆက်​လက်​၍ ​ကျေးရွာသူ ​ကျေးရွာသားများ စွန့်​ပစ်​အမှိုက်​စီမံခန့်​ခွဲမှု စနစ်​အ​ကြောင်းကို ကျယ်​ကျယ်​ပြန့်​ပြန့်​ ပိုမိုသိရှိလာပြီး လက်​​တွေ့လိုက်​နာကျင့်​သုံးတတ်​​စေရန်​ ​ကျေးရွာ စွန့်​ပစ်​အမှိုက်​​ကော်​မတီဖွဲ့စည်းခြင်း၊ အသိပညာ​ပေး​ဟော​ပြောပွဲများပြုလုပ်​ခြင်း၊ စွန့်​ပစ်​အမှိုက်​နှင့်​ပတ်​သက်​သည့်​လက်​ကမ်း စာ​စောင်​များဖြန့်​​ဝေခြင်း၊ ပညာ​ပေးဗီနိုင်း ပိုစတာများအား ​ကျေးရွာရှိ​ကျောင်းများ လမ်းများတွင်​ စိုက်​ထူထား ရှိခြင်း၊ သန့်​ရှင်း​ရေးပြုလုပ်​ခြင်း တို့အား ယ​နေ့နံနက်​ ၁၀နာရီက ပိုက်​သင်​ ​ကျေးရွာတွင်​ ​ဆောင်​ရွက်​ခဲ့​ကြောင်း မြို့နယ်​ဦးစီးမှူး ဦး​အောင်​ဘုန်းလင်း က​ပြောသည်​။

ယခုလိုပြုလုပ်​​ပေးတဲ့အတွက်​ ကျေးရွာသူ ​ကျေးရွာသား​တွေရဲ့  ကျန်းမာသန့်​ရှင်း​ရေးလုပ်​ငန်းများကို စနစ်​တကျပြုလုပ်​တတ်​လာပြီး ယခု​နွေရာသီကာလတွင်​လည်း မီးဘေးအန္တရာယ်​ကင်းရှင်း​ရေးနှင့်​ ​ကျေးရွာ သန့်​ရှင်းသာယာလှပ​ရေးအတွက်​ အပတ်​စဉ်​ ​သောကြာ​နေ့တိုင်း သန့်​ရှင်း​ရေးပြုလုပ်​သွားမည်​ဖြစ်​​ကြောင်း ပိုက်​သင်​ ကျေးရွာ​အုပ်​ချုပ်​​ရေးမှူးဦး​အောင်​မြင့်ကပြောပြ၍ သိရသည်​။

Source - ငြိမ်းသူ(စလင်း)

0 comments:

Post a Comment