Saturday, May 18, 2019

ဆင်ဖြူကျွန်းမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများတွင် ကဆုန်ညောင်ရေသွန်းလာင်းခြင်းနှင့် သန့်ရှင်းရေး လုပ်ငန်းများ ကုသိုလ်ယူဆောင်ရွက်



စလင်း မေ ၁၉
          ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ် အခါသမယပွဲတော်များထဲမှတစ်ခု ဖြစ်သော ကဆုန်ညောင်ရေသွန်းပွဲတော်ကို အနယ်နယ်အရပ်ရပ်တွင် တန်ခိုးကြီးဘုရား စေတီများရှိ ဗောဓိညောင်ပင် များတွင် ညောင်ရေသွန်းပွဲတော်များကိုစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင်လည်း ယမန်နေ့ ညနေကကျင်းပခဲ့သည်။
          ထိုသိုကျင်းပရာတွင် ဆင်ဖြူကျွန်းမြို့လူငယ် ပရဟိတအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့ပေါ်ရှိ ဘုရားကြီးကုန်းဘုရား၊ ဆုတောင်းပြည့်ဘုရား၊ ရှင်ပင်ဘုန်းပွင့်ဘုရားနှင့် ရှင်ပင်ဘုန်းမြင့်ဘုရား များရှိ ဗောဒိညောင်ပင်များသွားရောက်ပြီး ပျော်ပျော်ပါးပါးညောင်ရေသွန်းလောင်းခြင်း၊ စေတီ ပုထိုးများအား ရေသပ္ပါယ်ခြင်း၊ ဘုရားပရဝဏ်အတွင်း သန့်ရှင်းခြင်းများကို လုပ်အားဒါနကုသိုလ်ယူဆောင်ရွက်ခဲ့ကြပြီး အလှူရှင်များကလည်း အချိရည် အအေးများဖြင့်ကုသိုလ်ယူတိုက်ကြွေးခဲ့ကြကြောင်းသိရသည်။

စိုးမိုးသူ (စလင်း)

0 comments:

Post a Comment