Friday, May 17, 2019

မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှ နေ့ဆွမ်း နှင့်​ ခဲဘွယ်​​ဘောဇဉ်​များဆပ်​ကပ်​လှူဒါန်း



မင်းဘူး                မေ             ၁၇

          မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ရဲတပ်ဖွဲ့မိသားစုများ ပူးပေါင်း၍ မေလ (၁၆) ရက်နေ့ နံနက်(၁၀) နာရီခွဲအချိန်က မင်းဘူးမြို့ မဟာဝိသုတာရာမတိုက်သစ်ကျောင်း၌ ရဟန်းသံဃာတော်များအား နေဆွမ်းနှင့် ခဲဘွယ်ဘောဇဉ်များဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မင်းဘူးမြို့ ၊ မဟာဝိသုတာရာမတိုက်​သစ်​​ကျောင်း၌ ​ကျောင်းထိုင်​ဆရာ​တော်​ပါ ရဟန်း/သံဃာ​တော်​များ နှင့်​ မ​ကွေးတိုင်း​ဒေသကြီး ၊ မင်းဘူးခရိုင်​ရဲတပ်​ဖွဲ့၏ (၂)ကြိမ်​​မြောက်​ ဒုလ္လဘ ရဟန်းခံ သံဃာ​တော်​များ စုစု​ပေါင်း ရဟန်း/သံဃာ​တော်​ ပါး (၄၀)​ကျော်​အား မင်းဘူးမြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူး ဝင်းထိန်​ ၊ ဒုမြို့နယ်​ရဲတပ်​ဖွဲ့မှူး ဒုရဲမှူး ​ကျော်​ထွန်းဝင်း၊ မင်း ဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်​​ဇော်​နှင့်​ဇနီး ၊ ဒုစခန်းမှူး ရဲအုပ်​ ရဲမြင့်​​ဆွေ နှင့်​ တပ်​ဖွဲ့ဝင်​များ၊ မိသားစုများမှ စု​ပေါင်း၍ ​နေ့ ဆွမ်း /ခဲဘွယ်​​ဘောဇဉ်​များ ဆပ်​ကပ်​လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment