Wednesday, May 8, 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မနက်ဖြန်မေလ{၉}ရက်နေ့၊ မကွေးမြို့ဒေသခံလူထုနှင့်တွေ့ဆုံမည်။

မကွေးတိုင်းဒေသကြီးမကွေးမြို့သို့မနက်ဖြန်
မေလ{၉}ရက်နေ့မှာရာက်ရှိလာမည်ဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍မင်းဘူး
စကုမြို့နယ်အတွင်းရှိရှေးဟောင်းသမိုင်းဝင် မန်းရွှေစက်တော်ဘုရားကြီးအားသွားရောက်ဖူး
မျှော်ကြည်ညိုပြီးညနေ ၄ နာရီအချိန်တွင် မကွေးမြို့တော်ခန်းမအတွင်းဒေသခံပြည်သူများ
နှင့်တွေ့ ဆုံပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။
မေလ ၁၀ ရက်နေ့မနက်ပိုင်းတွင်နိုင်ငံတော်
ပင်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
သည်မကွေးတိုင်းဒေသကြီးနတ်မောက်မြို့သို့
သွာရောက်၍မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့
သမ္မတနိုင်ငံသံရုံးမှ ဆောက်လုပ်လှူဒါန်းခဲ့သည့်
နတ်မောက်မြို့ပြည်သူ့ဆေးရုံကြီးအားလွှဲ
ပြောင်းပေးအပ်ပွဲနှင့်အတူနတ်မောက်မြို့
ပြည်သူ့ဆေးရုံဝန်းအတွင်းထားရှိသွားမည့် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း
၏ပုံတူရုပ်တုဖွင့်ပွဲသို့တက်ရောက်သွားမည်ဖြစ်
ကြောင်းသိရ သည်။
နတ်မောက်မြို့ပြည်သူ့ဆေး ရုံဖွင့်ပွဲ နှင့်
လွှဲပြောင်းပေးအပ် ပွဲအခမ်းအနားတွင်-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း
စုကြည်၊မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့
သမ္မတနိုင်ငံသံအမတ်ကြီးကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေး၊မကွေးတိုင်းဒေသကြီး
ဝန် ကြီးးချုပ်ဒေါက်တာအောင်မိုးညို-နှင့်
အ တူ မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေး
ဗဟိုအသင်းမှဂုဏ်ထူးဆောင်ဥက္ကဌတို့က မင်္ဂလာအချိန်တွင်ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေး
သွားးမည်ဖြစ်သည်။
မြန်မာ-တရုတ်ပူးပေါင်းဆက်ဆံရေးဗဟိုအသင်း
၏ပူးပေါင်းကူညီမှုနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ
တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးအနေဖြင့်
ရန်ကုန်မြို့ရှိ-ဒေါ်ခင်ကြည် ဆေးရုံကြီးအား ပထမဦးစွာလှူဒါန်းခဲ့ပြီးနတ်မောက်မြို့ပြည်သူ့
ဆေးရုံကြီးအားဒုတိယအကြိမ်ဖြစ်ဆောက်လုပ်
လှူဒါန်းခဲ့ရာမူလဆေးရုံအဆောက်အဦးများအား
ပြန်လည်မွန်းမံပြုပြင်၍အရေးပေါ်လူနာဆောင်ကို အသစ်ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီးအဆိုပါ
ဆေးရုံကြီးအားဆောက်လုပ်လှူဒါန်းပေး ရခြင်းနှင့်ပတ်သက်ပြီးနတ်မောက်မြို့ဒေသခံ
ပြည်သူများကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ
သံအမတ်ကြီးမှ ရှင်းလင်းတင်ပြပြောဆိုပေးမည်
ဖြစ်ပြီးအမျိုးသားကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနပြည်ထောင်စုဝန် ကြီးဒေါက်တာမြင့်ထွေး ထံသို့နတ်မောက်ပြည်သူ့ဆေးရုံကြီးနှင့်ပတ်သက်
သည့်အထောက်အထားများကိုပါလွှဲပြောင်းပေး
အပ်သွားမည်ဖြစ် သည်။
ဆက်လက်၍နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်သည်တာဝန်ရှိသူများ
လိုက်ပါလျှက်နတ်မောက်မြို့မှတဆင့်တောင် တွင်းကြီးမြို့နယ်၊ရှေးဟောင်းဗိဿနိုးမြို့ ဟောင်းတည်နေရာသို့သွားရောက်၍ယဉ်ကျေးမှု
ပြတိုက်နှင့်အတူအခြားလေ့လာစရာများကိုပါ ဝင်ရောက်ကြည့်ရှုမည်ဖြစ်ပြီးနိုင်ငံတော်အတိုင်ပင်ခံ
ပုဂ္ဂိုလ်၏မကွေးနတ်မောက်ခရီးစဉ်အတွင်းတိုင်
ကြားစာပေးပို့လိုသူများအနေဖြင့်လူထုတွေ့ဆုံပွဲ
ပြုလုပ်နေချိန်အတွင်းတိုင်ကြားစာများလက်ခံရာ
စခန်းတစ်ခုကိုပါဖွင့်လှစ်ထားရှိပေးသွားမည်ဖြစ် ကြောင်းလည်းသိရပါသည်။
သတင်းစဉ်

0 comments:

Post a Comment