မြို့သစ် မေ ၁၈
မကွေးတိုင်းဒေသကြီး
မြို့သစ်မြို့နယ်အတွင်း စည်ပင်သာယာဈေးကြီးရှေ့
ဗိုလ်မင်းရောင်လမ်းနှင့်ရွှေလရောင်ရပ်ကွက် အောင်သပြေလမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ
ကတ္တရာခင်းခြင်းလုပ်ငန်းနှင့်
ကျောက်ချောခင်းခြင်းလုပ်ငန်းစတင်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
အဆိုပါ
မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဆောင်ရွက်သည့်လုပ်ငန်း
မြို့တွင်းကတ္တရာလမ်းခင်းခြင်းနှင့်ကျောက်ချောခင်းခြင်းလုပ်ငန်းကို
ဗိုလ်မင်းရောင်လမ်းနှင့် အောင်သပြေလမ်းတွင်ပြုလုပ်ပြီး ဗိုလ်မင်းရောင်လမ်းမှာ
အရှည် (၃၁၀၀) ပေ၊အကျယ် (၁၈) ပေ၊ထု (၄.၅) လက္မ၊ခွင့်ပြုဘဏ္ဍာငွေ (၆၇.၅)သန်းဖြစ်ကာ
ကတ္တရာလမ်းအမျိုးအစားဖြစ်ပြီး အောင်သပြေလမ်းမှာ ကတ္တရာလမ်း အရှည်
(၁၄၀၀)ပေ၊အကျယ်(၁၂)ပေ ထု(၉)လက္မ ကျောက်ချောလမ်းအား
အရှည်(၉၅၀)ပေ၊အကျယ်(၁၂)ပေ၊ထု(၉)လက္မရှိလမ်းခင်းခြင်းလုပ်ငန်း(၂)ခုအား
ခွင့်ပြုဘဏ္ဍာငွေ (၃၆.00)သန်းအကုန်ကျခံ လမ်းခင်းခြင်းဖြစ်ကြောင်းသိရသည်။ ဆက်လက်၍
မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဆောင်ရွက်သည့်လုပ်ငန်း
(၁၀)ခု ကွန်ကရစ်လမ်း (၆)လမ်း၊ကတ္တရာလမ်း(၃)လမ်း၊ရေမြောင်း(၁)ခု၊လုပ်ငန်းခွင့်ပြုဘဏ္ဍာငွေ
သန်းပေါင်း (၂၂၇)သန်း အကုန်ကျခံကာ လုပ်ဆောင်မှာဖြစ်ပြီး ယခုဆောင်ရွက်သည့်
မြို့တွင်း ကတ္တရာခင်းခြင်းဗိုလ်မင်းရောင်လမ်းနှင့် အောင်သပြေလမ်း
ကတ္တရာလမ်းခင်းခြင်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကိုတော့ အခုမေလ
လဆန်းပိုင်းကစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဇွန်လ လ လယ်မှာ ပြီးစီးမှာဖြစ်ကြောင်း
မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်အင်ဂျင်နီယာ
ဦးဗိုလ်ဌေး(SAE)မှပြောသည်။ လှိုင်ဘွား ( မြို့သစ် )
0 comments:
Post a Comment