Friday, May 17, 2019

မင်းဘူး(စကု)မြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ(၃၇၁.၅၀)သိန်း ထုတ်ချေးပြီးဖြစ်



မင်းဘူး        မေ     ၁၆
          မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်တွင် ၂၀၁၉ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ရက်နေ့မှ စတင်ထုတ်ချေးလျက်ရှိရာ ယနေ့ထိ ကျေးရွာအုပ်စု ()အုပ်စုမှ တောင်သူ(၆၇)ဦး၏ (၃၃၇)ဧက အတွက် စိုက်ပျိုးစရိတ်ချေးငွေ(၃၇၁.၅၀)သိန်း ထုတ်ချေးပြီးဖြစ်ကြောင်း မင်းဘူ(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစိုးမင်းဝင်းထံမှ သိရသည်။

          မင်းဘူး(စကု)မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးရန်အတွက် ရပ်ကွက် ကျေးရွာအုပ်စု(၆၇)အုပ်စုမှ လယ်သမားဦးရေ တစ်သောင်းကျော်၏ မိုးစပါးစိုက်ဧက(၃ဝဝဝဝ)ကျော်နှင့် အခြားသီးနှံစိုက် ဧက(၃ဝဝဝဝ)ကျော် အတွက် ချေးငွေကျပ်သိန်းပေါင်း(၇၅ဝဝဝ)ကျပ် လျာထားရာ မေလ(၁၆) ရက်နေ့ထိ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မယ်ဘေ့ကုန်းကျေးရွာအုပ်စု၊ မင်းဘူးမြို့ အမှတ်()ရပ်ကွက်၊ ရွာသာကျေး ရွာအုပ်စု၊ ထောက်ရှာပင်ကျေးရွာအုပ်စုတို့မှ တောင်သူ(၆၇)ဦး၏ (၃၃၇)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၃၇၁.၅၀)သိန်း ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
 
          အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၁၉ ခုနှစ် မေလမှ စက်တင်ဘာလ အထိ ထုတ်ချေးပေးသွား မည်ဖြစ်ပြီး မိုးစပါး တစ်ဧကလျှင် ကျပ် (၁၅ဝဝဝဝ)နှုန်း နှင့် အခြားသီးနှံ တစ်ဧကလျှင် ကျပ်(၁ဝဝဝဝဝ) နှုန်း ထုတ်ချေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်စိုးဝင်း၊မျိုးမြတ်(င်းဘူး)

0 comments:

Post a Comment