မင်းဘူး မေ ၆
မကွေးတိုင်းဒေသကြီး၊
မင်းဘူး(စကု) မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ရေမျက်ကျေးရွာ အနောက်တောင်ဘက် ရွာဦးဘုန်းကြီးကျောင်းနှင့်
ကိုက်(၂၀၀)ခန့်အကွာ ယာခင်းအတွင်းရှိ မမိုးမမ၏ (၃) ပင်အိမ်၊ မြေစိုက်၊ သွပ်မိုး၊ ဝါးထရံကာ၊
ဝါးကြမ်းခင်း နေအိမ်ရှိ ကွပ်ပျစ်ပေါ်တွင် မေလ(၅) ရက်နေ့ ည(၇) နာရီအချိန်က သီလရှင်တစ်ပါး
အဆိပ်သောက်သေဆုံးကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ
သေဆုံးသူ၏ မောင်ဖြစ်သူ လွှမ်းမိုးအောင်(၁၈) နှစ်သည် အစ်မဖြစ်သူ မမိုးမမ၏ နေအိမ်သို့
ဂွရှင်သွားရောက်ယူဆောင်ရာ နေအိမ်ရှိ ကွပ်ပျစ်တွင် သေဆုံးသူ သီလရှင် ဒေါ်ကာရုဉာ၊ လူအမည် မခင်ခင်ကျော်
သည် မြောက်အရပ်သို့ ခေါင်းပြုလျက် ပက်လက်အနေအထားဖြင့် ပါးစပ်မှ အမြှုပ်များထွက်လျက်
သေဆုံးနေသူကို တွေ့ရှိခဲ့၍ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့ကြောင်း ၎င်းနောက် အစ်မဖြစ်သူ
မမိုးမမနှင့် လူအများ ရောက်ရှိလာကြောင်း၊ သေဆုံးသူ၏ အနီးတွင် သင်္ကန်းများ ဖုန်းအုပ်ထားသည့်
အနီရောင်ကော်ရေချိုးခွက်အတွင်း (ဖြူရာဒန်) မြေတွင်းပိုးသတ်ဆေးများ ဖျော်ထားလျက်တွေ့ရှိ
ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မင်းဘူးမြို့မစခန်းမှူး
ဒုရဲမှူးမြင့်ဇော်၊ တာဝန်မှူး ဒုရဲအုပ် နန်းအိခိုင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်း
နှင့် အဖွဲ့မှ သက်သေ ဦးကျော်ဝင်းထွန်း(ရွာခွဲတာဝန်ခံ)၊ ဦးမျိုးမြင့်အောင်(ရာအိမ်မှူး)၊
တို့နှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူသည် လွန်ခဲ့သော တစ်နှစ်ခန့်က စိတ်ကျန်းမာရေး
မကောင်းသဖြင့် ဆေးကုသမှု ခံယူပြီး ဦးလေးတော်စပ်သူ ရွာဦးဘုန်းကြီးကျောင်းဆရာတော် ဦးဣဒ္ဒြာစရိယ ၏ ကျောင်း၌ သီလရှင်ဝတ်နေသူ ဒေါ်ကာရုဉာ၊ လူအမည် မခင်ခင်ကျော်(၂၆)
နှစ်၊ (ဘ) ဦးစန်းရီ၊ (မိ) ဒေါ်ဌေးဝင်း၊ ရေမျက်ကျေးရွာ ကျောက်တန်းကျေးရွာအုပ်စု၊ မင်းဘူးမြို့နယ်နေသူဖြစ်ပြီး
ပါးစပ်မှ အမြှုပ်များထွက်လျက် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သေဆုံးသူအား မင်းဘူးမြို့မရဲစခန်းမှူး
ဒုရဲမှူး မြင့်ဇော်မှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)
0 comments:
Post a Comment