Friday, May 3, 2019

(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုအားဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများဆောင်ရွက်



မင်းဘူး        မေ   
          မေလ( ) ရက်နေ့ကျတွင်   ကျရောက်မည့် (၇၃)နှစ်မြောက် မြန်မာနိင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်မိသားစုများသည် မေလ(၃) ရက်နေ့နံနက်(၇) နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းတို့တွင် ရေလှူဒါန်းခြင်း နှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

          ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းထွန်း ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးနှင့် တပ်ဖွဲ့ဝင်မိသားစုတို့ပူးပေါင်း၍ မင်းဘူးမြို့၊ အမှတ်()ရပ်ကွက်ရှိ ချမ်းသာကြီးဘုရားအား ရေသပ္ပါယ်ခြင်း၊ ဘုရားပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ရေ (၁၆၀၀) ဂါလံ လှူဒါန်းခြင်းနှင့် သုခကာရီသီလရှင် ကျောင်းတိုက်တို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေ (၃၂၀၀)  ဂါလံ  လှူဒါန်းခြင်းများ ဆောင်ရွက်ကြကြောင်း မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
ကျော်စိုးဝင်း( မင်းဘူး)

0 comments:

Post a Comment