Monday, May 6, 2019

သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးနိုးဆော်ချက်နှင့်နိုင်ငံတော်အစိုးရ၏တိုင်းကျိုးပြည်ပြုဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ ကိုမြေစိုက်နံရံကပ်ဘုတ်တွင်ပြသ



နတ်မောက်          မေ ၆
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့တွင်အများပြည်သူများသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးနိုးဆော်ချက်နှင့်နိုင်ငံတော်အစိုးရ၏တိုင်းကျိုးပြည်ပြုဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများကိုမေ၆ရက်နံနက်ပိုင်းကနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင်ပြသထားလျက်ရှိသည်။


အဆိုပါပြသထားရှိရာတွင်နိုင်ငံတော်အစိုးရ၏တိုင်းကျိုးပြည်ပြုဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ၊ဒေသဆိုင်ရာအချက်အလက်များ၊မုန်တိုင်းဘေးပညာပေးစာစောင်နှင့်အပူဒဏ်ကာကွယ်ရေးအတွက်လိုက်နာဆောင်ရွက်ရန်နည်းလမ်းများကိုမြေစိုက်နံရံကပ်ဘုတ်တွင်ပြသထားရာလမ်းသွားလမ်းလာအများပြည်သူများလာရောက်ကြည့်ရှုကြကြောင်းသိရသည်။
လှဝင်း(နတ်မောက်)

0 comments:

Post a Comment