Saturday, May 18, 2019

မင်းဘူး(စကု)မြို့နယ်​အတွင်းရှိ စိန်​ခြည်​လင်း သတ္ထုတွင်း တူး​ဖော်​​ရေး လုပ်​ငန်းတွင်​ လူတစ်​ဦးပြုတ်​ကျ​သေဆုံး



မင်းဘူး ​မေ ၁၇
မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်​၊ မင်းဘူး-အမ်းလမ်း၊မိုင်​တိုင်​အမှတ်​ (၂၇)ရှိ  စိန်​ခြည်​လင်း သတ္ထုတွင်း တူး​ဖော်​​ရေး လုပ်​ငန်းတွင်​ ​မေလ ၁၇ ရက်​​နေ့ မွန်းတည့်​ ၁၂ နာရီအချိန်​က လူတစ်​ဦး ပြုတ်​ကျ​သေဆုံး​ကြောင်း စကုနယ်​​မြေရဲစခန်းမှ သိရသည်​။
 ဖြစ်​စဉ်​မှာ ​သေဆုံးသူ ဦးစိုးလှိုင်​၊ ၃၅ နှစ်​၊ (ဘ) ဦးညို၊ ​ကျောက်​မီး​သွေးတွင်းလုပ်​သား၊ မကျီးစု​ကျေးရွာ၊ ကြူဝန်းအုပ်​စု၊ ပွင့်​ဖြူမြို့နယ်​​နေသူသည်​စိန်​ခြည်​လင်း သတ္ထုတူး​ဖော်​​ရေး ကုမ္ပဏီလုပ်​ကွက်​အတွင်းရှိ ကုမ္ပဏီမှ ပိတ်​ပင်​ထား​သော တွင်းအနက်​ ၁၈ ​ပေခန့်​တွင်​ရှိ​သော ​အောက်​ဆီဂျင်​​ပေးသည့်​ ကွန်​ကျူးပိုက်​ အ​ဟောင်းအား ဆင်းယူစဉ်​ ​ခြေ​ချော်​ပြုတ်​ကျရာမှ တွင်းအနက်​ ၅၀ ​ပေခန့်​ အတွင်းသို့ ကျ​ရောက်​ပြီး ဦး​ခေါင်း​နောက်​​စေ့ ၃ လက်​မခန့်​ ​ပေါက်​ပြဲဒဏ်​ရာ၊ ဝဲလက်​​မောင်း ညိုမဲဖူး​​ရောင်​ဒဏ်​ရာ၊ ဂဲ​ခြေဖဝါး တစ်​လက်​မခန့်​ ​ပေါက်​ပြဲဒဏ်​ရာ၊ နှာ​ခေါင်းနှင့်​ ပါးစပ်​မှ ​သွေးထွက်​ ဒဏ်​ရာများ ရရှိကာ ​သေဆုံးသွား​ကြောင်း သိရသည်​။
 အခင်းဖြစ်​ပွားရာ​နေရာသို့ စကုနယ်​​မြေရဲစခန်းမှူး ရဲအုပ်​ သိန်းဟန်​မိုး၊ ရဲတပ်​ကြပ်​ သန်းလင်းထိုက်​၊ သက်​​သေများနှင့်​အ​တူ သွား​ရောက်​စစ်​​ဆေးခဲ့ပြီး ​သေဆုံးသူအ​လောင်းအား စကုပြည်​သူ့​ဆေးရုံကြီးသို့ရင်​ခွဲစစ်​​ဆေးရန်​​ပို့​ဆောင်​ထား​ကြောင်းနှင့်​ ​သေဆုံးသူနှင့်​ ပတ်​သက်​၍ ဓမ္မတာအတိုင်း ​သေဆုံးခြင်း ဟုတ်​/ မဟုတ်​ စစ်​​ဆေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း စကုနယ်​​မြေရဲစခန်းမှ သိရသည်​။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment