Friday, May 24, 2019

နတ်မောက်မြို့၌အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအားနွေရာသီကွန်ပျူတာအခမဲ့သင်တန်းဆင်းပွဲပြုလုပ်



နတ်မောက်             မေ ၂၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌အ.ထ.က(၁)ကျောင်းသား/သူဟောင်းများကဦးဆောင်မှုဖြင့်အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအားနွေရာသီကွန်ပျူတာအခမဲ့သင်တန်းဆင်းပွဲကိုမေ၂၄ရက်နံနက်၉နာရီကဗိုလ်ချုပ်အထိမ်းအမှတ်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းကွန်ပျူတာခန်းမတွင်ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင်မြို့နယ်ပညာရေးမှူးဆရာကြီးဦးကျော်စိုးဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီးအ.ထ.က(၁)ကျောင်းသားဟောင်းအလှူရှင်ဦးအေးသွင်ကကွန်ပျူတာသင်တန်းတွင်ဆုပေးရခြင်းအကြောင်းအရာများရှင်းလင်းခြင်းနှင့်အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီးဦးအောင်မြင့်သိန်းကကွန်ပျူတာသင်တန်းတွင်တက်ရောက်လာကြသည့်သင်တန်းသား/သူများအားကွန်ပျူတာကိုအမြဲမပျက်မမေ့ပဲလေ့လာနိုင်ကြရန်လမ်းညွှန်မှာကြားခဲ့သည်။ဆက်လက်၍ကွန်ပျူတာသင်တန်းတွင်ဆုရရှိသည့်ကျောင်းသား/သူများအားဖိတ်ကြားထားသည့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အလှူရှင်းများကဆုများကိုချီးမြှင့်ပေးခဲ့ပြီးသင်တန်းသား/သူများကိုကွန်ပျူတာသင်တန်းဆင်လက်မှတ်များပေးအပ်ခဲ့ကြောင်းသိရသည်။
လှဝင်း(နတ်မောက်)

0 comments:

Post a Comment